Taifreedom

Welcome Taifreedom

PNO ၊ PNA ပအိုဝ်းပြည်သူ့စစ် တို့ထောင်ထားသော မိုင်းကို ဒေသခံရွာသားနင်းမိ

မိုင်းပွန်မြို့နယ် ကုန်းကတ်ရပ်ကွက် (ရပ်ကွက် ၅) တွင်နေထိုင်သော လင်မယား ၂ ဦး တောထဲဆေးမြစ်ထွက်ရှာစဉ် PNO ၊ PNA ပြည်သူ့စစ်အဖွဲ့တို့ ထောင်ထားသောမြေမြှုပ် မိုင်းကို နင်းမိရာ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း။

နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ပအိုဝ်းတိုင်းရင်းသား လင်မယား ဖြစ်သည့် လုံးမောင်ချစ် အသက် ၅၄ နှစ် နှင့် မယားဖြစ်သူ ပါ့နန်းဟွမ် အသက် ၄၃ နှစ် တို့ ၂ဦးသည် တောထဲတွင် ဆေးမြစ်ရှာထွက်ရာ ဆင်ခြေဖုန်းအုပ်စု တစ်နေရာတွင် ဗိုလ်မှူး ကျော်ရွှေအောင် ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ် အဖွဲ့ တို့ထောင်ထားသော မြေမြှုပ်မိုင်းကို နင်းမိရာ လုံးမောင်ချစ်၏ ဘယ်ရင်အုံ နှင့် ဇနီးဖြစ်သူ ပါ့နန်းဟွမ်၏ ဘယ်ခြေကျင်းဝတ် တို့တွင် ထိမှန်သောကြောင့်  ၂ ဦးစလုံးတွင် ဒါဏ်ရာပြင်းထန်စွာရရှိသဖြင့်  စိုးရိမ်ဖွယ်ရှိကြောင်း သတင်းရရှိပါသည်။

၎င်းတို့ လင်မယားကို မိုင်းပွန်မြို့ရှိ ရတနာဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ဆေးရုံမှ ကုသ၍မရသောကြောင့် ၃း၃၀ နာရီတွင် လွိုင်လင် ဆေးရုံသို့ ဆက်ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရပါတယ်။

ပအိုဝ်းပြည်သူ့စစ်တို့သည် တားမြစ် မြေမြှုပ်မိုင်းများအားစည်းမဲ့ကမ်းမဲ့ ဒေသတွင်းထောင်ထား ခြင်းကြောင့် တောတွင်း ဆေးမြစ်ထွက်ရှာသော သူများ မကြာခဏပင် မြေမြှုပ်မိုင်း ကို နင်းမိကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။

Taifreedom

 

 

 

primi sui motori con e-max
You are here: Home News PNO ၊ PNA ပအိုဝ်းပြည်သူ့စစ် တို့ထောင်ထားသော မိုင်းကို ဒေသခံရွာသားနင်းမိ

နောက်ဆုံးသတင်းများ