Taifreedom

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ နော်ဝေနိုင်ငံသို့ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်း သွားရောက်လေ့လာမည်

နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများအား လေ့လာနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ နောင်ဝေသံရုံး၏ ဖိတ်ကြားချက်အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ နော်ဝေနိုင်ငံသို့ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိ။


ပုံ- JMC အဖွဲ့ဝင်များ၏ နီပေါနိုင်ငံ လေ့လာရေးခရီးစဉ်

 ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများ လေ့လာရေးခရီးစဉ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ၃ ရက်တာ သွားရောက်လေ့လာမည်ဖြစ်ပြီး  သွားရောက်လေ့လာမည့် JMC အဖွဲ့ဝင်များမှာ JMC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် အစိုးရကိုယ်စားလှယ် (၆) ဦး ၊ EAO ဘက်မှ ကိုယ်စားလှယ် (၆) ဦး နှင့် အရပ်သားကိုယ်စားလှယ် (၅) ဦး စုစုပေါင်း ၁၇ ဦး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ကာလအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့် စိစစ်ရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများ ချိုးဖောက်မှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ တီထွင်ဖန်တီးခြင်း နှင့် တပ်မတော် လက်နက်ကိုင်အဖွဲ့များ ၊ အရပ်သားပြည်သူများနှင့် နိုင်ငံတကာ ပါဝင်သော ပူးတွဲအဖွဲ့ စောင့်ကြည့်ရေး ယန္တယား၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား ရှင်းလင်းပြောကြားခြင်း နှင့်  မိုင်းရှင်းလင်းရေးအား ဆွေးနွေးပြောကြားခြင်း နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးလုပ်ငန်းစဉ်အတွက် အပြည်ပြည်ဆိုင်ရာ ပံ့ပိုးမှုများ လိုအပ်ချက်အခွင့်အလမ်းများနှင့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ဝင်များ နီပေါနိုင်ငံ သံတမန်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများကိုလည်း သွားရောက်လေ့လာခဲ့ဖူးကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ နော်ဝေနိုင်ငံသို့ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်း သွားရောက်လေ့လာမည်

နောက်ဆုံးသတင်းများ