Taifreedom

ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် PPST အရေးပေါ်အစည်းအဝေး ကျင်းပ

အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိ။

၂၀၁၇ ခုနှစ် ဩဂုတ်လ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် PPST အစည်းအဝေး

PPST ၏ အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲကို တပ်မတော်မှ ဝင်ရောက် ဟန့်တားခြင်းနှင့် ပတ်သက်၍ နည်းလမ်းရှာနိုင်ရန် အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး တစ်ဖက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့စစ်ရေးအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အဖွဲ့က NCA လမ်းကြောင်းက အလုပ်မဖြစ်၍ လာမည့် တတိယအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကို လိုအပ်သလို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားသည့်အပေါ် အဓိကထား ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အပစ်ရပ်စာချုပ် (NCA)  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် PPST အရေးပေါ်အစည်းအဝေး ကျင်းပ

နောက်ဆုံးသတင်းများ