Taifreedom

NCA-S-EAO အဖွဲ့ဝင်များ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ (NCA-S-EAO) အဖွဲ့ဝင်များ ယခု ၂၀၁၇ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ ဂရင်းဟေးလ် (Green Hill Hotel) မှာ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာ ဆွေးနွေးတဲ့ အချက်နံပါတ်(၅) ဖြစ်သည့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ။



အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆလိုင်းကျုံးလျန်ထောင်းမှ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆို်င်ရာ သတင်းအချက်အလက်များ ၊ လက်ရှိမြေယာနှင့် သဘာဝပတ်ဝန်းကျင် လိုအပ်ချက်များ ၊ ဘယ်လိုနည်းလမ်း နှင့် လုပ်ငန်းစဉ်နဲ့ ရှေ့ဆက်သွားမလဲ ၊ လက်ရှိပြဿနာများ နှင့် အနာဂါတ်ဖက်ဒရယ် အကြောင်းကို ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး ကိုငြိမ်းဇာနည်နိုင်မှ လုပ်ငန်းကော်မတီသို့ တင်သွင်းသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ စာတမ်းများနှင့် ပတ်သက်၍ တွေ့ရှိချက်များကို ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေး (၂၁ ရာစု ပင်လုံညီလာခံ) တွင် ဆွေးနွေးကြသည့် ခေါင်းစဉ် (၅) ခုမှာ - (၁) နိုင်ငံရေး ၊ (၂) လုံခြုံရေး ၊ (၃) စီးပွားရေးကဏ္ဍ ၊ (၄) လူမှုရေးကဏ္ဍ နှင့် (၅) မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ တို့ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၏ ၆-ကြိမ်မြာက် အစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပဖို့ လျာထားကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး NCA-S-EAO အဖွဲ့ဝင်များ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နောက်ဆုံးသတင်းများ