Taifreedom

JMC-U ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ NRPC ခန်းမတွင် ၃ ရက်တာကျင်းပ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ၁၂ ကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ခန်းမတွင် ၃ ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိ။

JMC-U ၏ ၁၂ ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး  JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး နှင့် ဒုတိယ ဥက္ကဋ္ဌ-၂ Rev.စောမက်သယူးအေးတို့က အစည်းအဝေး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် JMC-U ၏ ၁၁ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၏ အကောင်အထည်ဖော်မှုများအား တင်ပြခြင်း ၊ အရပ်သားကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း ၊ သျှမ်းပြည်နယ်တွင် စိစစ်အတည်ပြုရေးအဖွဲ့က ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခြင်း ၊ အတည်ပြုပြီးဖြစ်သော ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရုံးအဖွဲ့လုပ်ငန်း လမ်းညွှန်မှုတွင် ဖြည့်စွက်ခြင်း ၊ ဒေသခံ အရပ်သားပြည်သူများ စတင်ဖွဲ့စည်းနိုင်ရေး အတွက် မူဝါဒတောင်းခံခြင်း အပါအဝင် JMC-U ၏ မူဝါဒပိုင်းဆိုင်ရာ တောင်းခံခြင်းတို့ကို ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် JMC-U ၏ (၁၁)ကြိမ်မြောက် နှင့် (၁၂) ကြိမ်မြောက် အစည်းအဝေးကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအားဆွေးနွေးခြင်း ၊ နောက်တစ်ကြိမ်ပြုလုပ်မည့် JMC-U ၏ ၁၃ ကြိမ်မြောက် အစည်းအဝေးအတွက် နေ့ရက်နှင့် နေရာများ သတ်မှတ်ခြင်းတို့အပြင် အစည်းအဝေး ကျင်းပပြီးစီးပါက JMC-U အတွင်းရေးမှူးများက JMC-U အစည်းအဝေးနှင့် ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ၁၂ ကြိမ်မြောက်အစည်းအဝေးသို့ JMC-U ကော်မတီဝင် အစိုးရကိုယ်စားလှယ်များ ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်သား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်အဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

 

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး JMC-U ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ NRPC ခန်းမတွင် ၃ ရက်တာကျင်းပ

နောက်ဆုံးသတင်းများ