Taifreedom

သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S နှင့် သျှမ်းပြည်တောင်ပိုင်း ဒေသခံလူထုတွေ့ဆုံမှု

သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အဖွဲ့ဝင်များသည် သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန်မြို့နယ် ၊ မိုးနဲမြို့နယ် ၊ မောက်မယ်မြို့နယ် ၊ ဟိုပုံးမြို့နယ် စသည့် မြို့နယ် ၄ မြို့နယ်မှ ဒေသခံလူထုများနှင့် တွေ့ဆုံပြီး NCA ၊ CoC နှင့် တိုင်ကြားမှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိ။



မိုးနဲမြို့နယ် လူထုတွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈:၄၅ နာရီအချိန်တွင် မိုးနဲမြို့နယ် ကျောင်းအုတ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် ဒေသခံလူထု ၄၈၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


JMC-S အဖွဲ့ဝင်များက ဆက်လက်၍ မောက်မယ်မြို့နယ်သို့ ခရီးဆက်လက်ထွက်ခွာခဲ့ရာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့၌ မောက်မယ်မြို့နယ် ဒေသခံလူထုနှင့် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ဥယျာဉ်ကျောင်းတော်၌ တွေ့ဆုံပြီး ၎င်း စက်တင်ဘာလ ၆ ရက်နေ့တွင် ဟိုပုံးမြို့နယ်ရှိ ဒေသခံလူထုနှင့် ဆက်လက်တွေ့ဆုံခဲ့ကြောင်း သိရသည်။


ထိုတွေ့ဆုံပွဲတွင်  JMC-S (Shan) ဥက္ကဋ္ဌ ဗိုလ်ချုပ် သန်းလှိုင် မှ ဦးဆောင်၍ JMC-S (Shan) အဖွဲ့ဝင် ဗိုလ်မှူးကြီး နိုင်ဝင်းအောင်မှ ꨷JMC ၏ လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခြင်း ၊ ရဲမှူးချုပ်အောင်အောင်မှ NCA/COC နှင့် တိုင်ကြားမှုဆိုင်ရာများ ဆွေးနွေးပြောကြားခြင်း ၊ အတွင်းရေးမှူး-၁ ခွန်ထွန်းတင်မှ အရပ်သားပြည်သူများနှင့် ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့များ စောင့်ထိန်းလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်စည်းကမ်းဆိုင်ရာများကို ဆွေးနွေးပြောကြားခြင်း ၊ ဒုတိယဗိုလ်မှူးကြီး စိုင်းဒေဝိန် (RCSS) မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များကို   သျှမ်း-ဗမာ နှစ်ဘာသာဖြင့် ဆွေးနွေးပြောကြားပြီးနောက် ဒေသခံ လူထုများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


ထို့အတူ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင်လည်း JMC-S အဖွဲ့ဝင်များသည် ပင်လုံမြို့နယ် ၊ လဲချားမြို့နယ် ၊ မိုင်းကိုင်မြို့နယ် နှင့် နမ့်စန်မြို့နယ်ရှိ ဒေသခံလူထုနှင့်လည်း တွေ့ဆုံမှုရှိခဲ့ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S နှင့် သျှမ်းပြည်တောင်ပိုင်း ဒေသခံလူထုတွေ့ဆုံမှု

နောက်ဆုံးသတင်းများ