Taifreedom

၆၈ ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် ၆၈ ကြိမ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်းတွင် ၆ ရက်နေ့မှ ၉ ရက်နေ့ည အထိ ၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပခဲ့ပါတယ်။



ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈း၃၀ အချိန်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ လူကြီးမင်းများ၊ ရဲဘော်များ၊ သံဃာတော်များ၊အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် မိဘပြည်သူများ  နှင့် မဟာမိတ်တပ်ဖွဲ့မှ ကိုယ်စားလှယ်များ အားလုံး အခမ်းအနားတွင် ဝင်ရောက်နေရာယူကြပြီး နောက် သျှမ်းပြည်တပ်မတော် တပ်သားများမှ စစ်ရေးပြ  ဖွင့်လှစ်ခဲ့ပါတယ်။

အခမ်းအနားဖွင့်လှစ်ပြီးနောက် သဘာပတိကြီး တစ်ဦး နှင့်တကွ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ၊အခမ်းအနားသို့တက်ရောက်လာသည့် မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များ၊ကျားဖြူပါတီကိုယ်စားလှယ်၊သံဃာတော်၊မိဘပြည်သူကိုယ်စားလှယ် စသည့် တို့မှ အမှာစကားများပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က သျှမ်းပြည်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းများနှင့် ပင်လုံစာချုပ်ပါ အချက်အလက်များဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွင်  သျှမ်းပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်လက်ပြီး မဟာမိတ်အဖွဲ့များဖြစ်သည့်  SSPP/SSA ၊ SSJAC ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးကြီး စိုင်းထူး ၊ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA) ၊ လားဟူ(LDU) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP )၊ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖြစ် UNFC ဥက္ကဌ နိုင်ဟံသာ စသည့်တို့မှ မိန့်ခွန်းစကားများပြောကြားခဲ့ပါတယ်။



အခမ်းအနားသို့ မဟာမိတ်အဖွဲ့များ နှင့် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူမျိုးများ၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ သျှမ်းပြည်တပ်မတော်များ စုစုပေါင်း ၇ ထောင်ကျော် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါတယ်။

Taifreedom

 

 

 

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး News ၆၈ ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့