Taifreedom

အစိုးရတပ်မတော် တပ်ရင်း ၅၃၀ မှ ဒေသခံလူထုအားအတင်းအဓ္ဓမလုပ်အားခိုင်းစေ

ကယားပြည်နယ်လွယ်ကော် လောပိတ အခြေစိုက် တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသကွတ်ကဲရေးစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၃၀ မှ  နမ့်စန်မြို့နယ် ပိန်းဆယ်ကျေးရွာအုပ်စုမှ ဒေသခံများအား စားနပ်ရိက္ခာ၊ ခဲယမ်းမီးကျောက်နှင့် အခြားစစ် အသုံး အဆောင်ပစ္စည်းများအတွက် အတင်းအဓ္ဓမလုပ်အားစေခိုင်း သယ်ဆောင်စေခဲ့ကြောင်းသိရှိရသည်

မတ်လ ၁၃ ရက် ၂၀၁၇ တွင် မနက် ၇ နာရီဝန်းကျင်တွင် နမ့်စန်မြို့နယ် ပိန်းဆယ်ကျေးရွာအုပ်စု ဝမ်ကောင်းဆိုင်းကျေးရွာ ပတ်ဝန်းကျင်တွင်လှုပ်ရှားနေတဲ့ ကယားပြည်နယ်လွယ်ကော် လောပိတ အခြေစိုက်တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသကွတ်ကဲ ရေးစစ်ဌာန ချုပ်လက်အောက်ခံ အင်အား ၂၀ ကျော်ပါ ဗိုလ်မှုး  ကျော်လ ဦးဆောင်သော တပ်မတော်တပ် ရင်း ၅၃၀ မှ ပိန်းဆယ်ကျေးရွာအုပ်စု နောင်မိုကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာမှ ဒေသခံများ ထံမှ တစ်ရွာလျှင် ထော်လာဂျီ ၂ စီးဆင့်ခေါ်ကာ စုစုပေါင်း ၄ စီး ပိန်းဆယ်ကျေးရွာအုပ်စု ဝမ်ကောင်းဆိုင်းကျေးရွာမှ  နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာအုပ်စုသို့ သွားရောက်ကာ ဝမ်ကောင်းဆိုင်း ကျေးရွာတပ်စခန်းအတွက် လုပ်အားခနှင့် စက်သုံးဆီများအတွက် အခကျေးငွေပေးဆောင်ခြင်းမရှိပဲ စားနပ်ရိက္ခာ၊ ခဲယမ်းမီးကျောက်နှင့် အခြားစစ်အသုံး အဆောင်ပစ္စည်းများအတွက် တင်ဆောင်ခဲ့ရန် အတင်း အဓ္ဓမလုပ်အားစေခိုင်း သယ်ဆောင် စေခဲ့ကြောင်းသိရှိရသည် 

မနက်ပိုင်းကစပြီး ညနေခင်းအထိပေါ့ သူတို့က ခေါ်သာသွားတယ် မနက်စာနေ့လယ်စာ ထမင်း မကျွှေးဘူး ညနေခင်းရောက်မှ သူတို့ဖာသာသူ တို့ မိုင်းစိတ်ရွာမှာ ညစာသွားတောင်းစားရတာ ပြီးရင် မိုင်းစိတ်စခန်းမှာ သွားအိပ်ရတယ် ဟု အမည်မဖေါ်လိုတဲ့ဒေသခံတစ်ဦးမှ ပြောကြားပါသည်

၁၄ ရက် မတ်လ ၂၀၁၇ ၎င်းထော်လာဂျီ ၄ စီးဖြင့် မိုင်းစိတ်ကျေးရွာအုပ်စုမှ ဝမ်ကောင်းဆိုင်း ကျေးရွာတပ်စခန်းအတွက် ဆန် ၅၀ အိတ် ၊ ဆီ ၁ ပုင်း၊ ကုလားပဲအိတ်၊ ကျည်ဆံသေတ္တာများ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း များကို ဝမ်ကောင်းဆိုင်း ကျေးရွာတပ်စခန်းသို့ သယ်ယူပို့ဆောင်ခဲ့ ရတယ်လို့သိရှိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး အစိုးရတပ်မတော် တပ်ရင်း ၅၃၀ မှ ဒေသခံလူထုအားအတင်းအဓ္ဓမလုပ်အားခိုင်းစေ