Taifreedom

မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမပေါ်ပြေးဆွဲနေတဲ့ ကုန်တင်ကားကြီးများအားTNLA မှတိုက်ခိုက်ခဲ့

မတ်လ ၁၅ ရက် ၂၀၁၇ တွင် TNLA တပ်ဖွဲ့များမှ မန္တလေး မူဆယ် ပြည်ထောင်စုလမ်း မပေါ်ပြေး ဆွဲနေတဲ့ လူထုကုန်တင်ကားကြီးများအား ရပ်တန့်စေပြီးသေနတ်ဖြင့်ပစ်ခတ်ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်

ဖြစ်စဉ်ဟာ မတ်လ ၁၅ ရက် ၂၀၁၇ တွင် မနက် ၇ နာဝန်းကျင်လောက်တွင်ဖြစ်ပြီး TNLA မှ အင် အား ၁၀ ယောက်ဟာ လက်နက်အပြည့်အစုံဖြင့် ပြည်ထောင်စုလမ်းမပေါ်ကွတ်ခိုင်မြို့နှင့် မူဆယ် မြို့အကြားရှိ ကွတ်ခိုင်မြို့ လွိုင်ကန်ကျေးရွာအုပ်စု ဝမ်ခိုမှုံးကျေးရွာတွင် ကားများအားရပ်တန့်စေပြီး ဆပ်ကျေးများတောင်းခံကာ ကုန်တင်ကားကြီး ၇ စီးကိုလဲသေနတ်ဖြင့်ပစ်ခတ်ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်

TNLA တပ်ဖွဲ့မှ ပစ်ခတ်ဖျက်စီးခြင်းကို ခံရသောကားများမှာ ၂၂ ဘီးကား ၃ စီး ၁၂ ဘီးကား ၂ စီး ဒိုင်နာကား ၁ စီးနှင့် စက်သုံးဆီ တင်ဆောင်လာတဲ့ဗောက်ဆာ ၁ စီး စုစုပေါင်း ၇ စီး ဖြစ်ကြောင်းသိရှိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမပေါ်ပြေးဆွဲနေတဲ့ ကုန်တင်ကားကြီးများအားTNLA မှတိုက်ခိုက်ခဲ့

နောက်ဆုံးသတင်းများ