Taifreedom

ဖမ်းဆီးခံဒေသခံတချို့TNLA မှ ပြန်လည်လွတ်ပေး

မတ်လ ၁၂ ရက်နေ့ တပေါင်းလပြည့်နေ့တွင် ကျောက်မဲခရိုင် မာန်တုံမြို့နယ် မိုင်းမော်အုပ်စု TNLA ရဲ့ ဖမ်းဆီး ခြင်းကိုခံခဲ့ရတဲ့ ဒေသခံတချို့ကို TNLA မှ ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရှိရသည်

TNLA မှ ဖမ်းဆီးသွားတဲ့ ကျောက်မဲခရိုင် မာန်တုံမြို့နယ် မိုင်းမော်အုပ်စု ဝမ်မော်နေ၊ ဝမ်မော် တိုက်နှင့် ဝမ်တိုက်လယ်ကျေးရွာမှ စုစုပေါင်းရွာသား ၆၃ ယောက်မှ ၆၁ ယောက်ကို လွန်ခဲ့တဲ့ မတ်လ ၁၄ ရက် ၂၀၁၇ တွင် ပြန်လည်လွတ်ပေးခဲ့ပြီလို့ဒေသခံထံမှသိရှိရပြီး မတ်လ ၁၄ ရက် ၂၀၁၇ တွင် နံနက် ၂ နာရီဝန်း ကျင်တွင် သက်ဆိုင်ရာကျေးရွာသို့အသီးသီးပြန်လည် ရောက်ရှိ ခဲ့ကြကြောင်းသိရှိရပါသည်။ ကျောက်မဲခရိုင် မာန်တုံမြို့နယ် မိုင်းမော်အုပ်စု ဝမ်မော်နေ ကျေးရွာ သား ဖြစ်တဲ့  အဖ လုံးဆံခမ်း လိုင် အမိ ပါခမ်းယုံတို့၏သား စိုင်းခမ်းလူ အသက် ၄၀နှစ် နှင့် ၎င်းကျေးရွာနေ အဖ လုံးမာန်ဆိုင်ကျော်၏သား လုံးမောက်ဆိုင် အသက် ၆၀ နှစ် တို့နှစ်ဦးကိုတော့ ပြန်လည် လွတ် ပေးခြင်းမရှိ သေး ကြောင်း မည်သည့်အတွက်ကြောင့် ဆက်လက်ဖမ်းဆီး ထိမ်း သိမ်းထားကို လဲမသိရကြောင်း သိရှိရ သည်။

ဖမ်းဆီးခြင်းဟာ ဖမ်းဆီးခြင်းမဟုတ်ကြောင်း TNLA ဖက်မှ ဖမ်းဆီးခံဒေသခံများအားပြောကြားခဲ့ ကြောင်း  အစည်းအဝေးပြုလုပ်ရန် ခေါ်ဆောင်ရခြင်းဖြစ် ကြောင်းနှင့် အစည်းအဝေးပြု လုပ်ရခြင်း ရဲ့ရည်ရွယ်ချက်ဟာ ဒေသအတွင်းရှိ ဒေသဒေသခံများ တခြားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပတ်သက်မှုရှိမရှိကိုသိလိုခြင်းဖြစ်ကြောင်းနှင့် နှောင်ရှေ့ဆက်တွင် ဒေသခံများအနေနှင့် တခြားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပတ်သက်မှုမရှိစေလို ကြောင်း၊ ပတ်သက်မှုရှိခဲ့ လျှင် TNLA ရဲ့ဖမ်းဆီးခြင်းနှင့် TNLA ရဲ့ ဥပဒေအတိုင်းအပစ်ပေးခြင်းကိုခံ ရမည်ဖြစ်ကြောင်း ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်းဒေသခံထံမှသိရှိရပါသည်။

TNLA ရဲ့ဖမ်းဆီးမှုထဲတွင် ကျောက်မဲခရိုင် မာန်တုံမြို့နယ် မိုင်းမော်အုပ်စုနှင့် နမ္မတူမြို့နယ် မိုင်းယင်အုပ်စုတိုအပါအဝင်ဖြစ်ပြီး မာန်တုံမြို့နယ် မိုင်းမော်အုပ်စုဒေသခံတချို့ကိုပြန်လွတ်ပေးခဲ့ သော်လဲ နမ္မတူမြို့နယ် မိုင်းယင်အုပ်စုဒေသခံများကို ပြန်လည်လွတ်ပေးခြင်းရှိမရှိကိုတော့ မသိရှိရသေးကြောင်းသိရှိရသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး ဖမ်းဆီးခံဒေသခံတချို့TNLA မှ ပြန်လည်လွတ်ပေး

နောက်ဆုံးသတင်းများ