Taifreedom

ကျောက်မဲမြို့နှင့် မလှမ်းမကမ်းရှိ တောင်နောက်ကျေးရွာ ဥက္ကဌနေအိမ်ဗုံးခွဲခံရ

ကျောက်မဲမြို့ခိုမုံးကျေးရွာအုပ်စု တောင်နောက်ကျေးရွာ ဥက္ကဌဖြစ်သူ ဦးစိုင်းဆွေမြင့်နေအိမ်အား အမည်မသိ လူ ၃ ယာက်မှလက်လုပ် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖေါက်ခွဲခြင်းကိုခံခဲ့ရကြောင်းသိရှိရ ပါသည်

မတ်လ ၁၃ ရက် ၂၀၁၇ တွင် ညနေ ၈ နာရီဝန်းကျင်လောက်တွင် အမည်မသိလူ  ၃ ယောက်မှ ကျောက်မဲမြို့မှ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ကျောက်မဲမြို့ ခိုမုံးကျေးရွာအုပ်စု တောင်နောက်ကျေးရွာ သို့ဦးတည်မောင်းနှင်ပြီး တောင်နောက်ကျေးရွာအရောက်တွင် တောင်နောက်ကျေးရွာ ဥက္ကဌဖြစ်သူ ဦးစိုင်းဆွေမြင့်နေအိမ်ကို လက်လုပ် လက်ပစ်ဗုံး ၂ လုံးဖြင့် ဆက်တိုက်ပစ်ပေါက် ဖေါက်ခွဲခဲ့ကြောင်းသိရှိရသည်၊  တဆက်ထဲတွင် တောင်နောက်ကျေးရွာ ဥက္ကဌဖြစ်သူ ဦးစိုင်းဆွေမြင့်နေအိမ်အားပစ်ပေါက်ဖေါက်ခွဲခဲ့ပြီး ဥက္ကဌနေ အိမ်နှင့် ၄ အိမ်ခြားတွင်နေထိုင်သည့်  ဦးစိုင်းအောင်ကိုမြင့်နေအိမ်သို့လဲလက်လုပ် လက်ပစ် ဗုံး ၁လုံး ဖြင့် ပစ်ပေါက်ဖေါက်ခွဲခဲ့ပြီး မော်တော်ဆိုင်ကယ်ကို ကျောက်မဲမိုင်းလုံးလမ်းမအတိုင်းမောင်းနှင် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိ ရပါသည်

အဆိုပါအမည်မသိလူ ၃ ယောက်ရဲ့ လက်လုပ် လက်ပစ်ဗုံး ဖြင့်ပစ်ပေါက်ဖေါက် ခွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မှထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း တောင်နောက် ကျေးရွာဥက္ကဌဖြစ်သူ ဦးစိုင်းဆွေမြင့်နေအိမ်နှင့် တောင်နောက် ကျေးရွာတွင်နေထိုင်သည့် ဦးစိုင်းအောင်ကိုမြင့်နေအိမ်တို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရှိရပါသည်

ဦးစိုင်းအောင်ကိုမြင့်သည် အရင်က ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး 

တော့ဆန်ကျေးရွာတွင်  မော်တော်ဆိုင်ကယ် အပိုပစ္စည်းရောင်းဝယ်ရေး၊ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေး၊  အသေးစားစက်သုံးဆီရောင်းဝယ်ရေးနှင့် မော်တော်ဆိုင်ကယ်ပြုပြင်သည့် လုပ်ငန်းများလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး  ၂၀၁၅ စက်တင်ဘာလ ၇ ရက်နေ့တွင် TNLA ရဲ့အတင်းအဓ္ဓမငွေတောင်းခံ ခြင်းကိုခံခဲ့ရကြောင်းနှင့်  ၂၀၁၆ ဖေဖေါ်ဝါရီလတွင် TNLA မှ တော့ဆန်ကျေးရွာရှိ ဦးစိုင်းအောင်ကိုမြင့်နေအိမ်ကို ဖေါက်ထွင်းကာ အိမ်ဆိုင်တွင်းရှိပစ္စည်းများ ဖျက်စီးခြင်းခံခဲ့ရကာ စုစုပေါင်းကာလတန်ဖိုးကျပ်ငွေ သိန်းပေါင်း ၂၇၀ ဆုံးရှုံးခဲ့ရကြောင်း ထိုသို့ဖြစ်ရပ်များကြောင့် ဦးစိုင်းအောင်ကိုမြင့်သည် အိမ်ဆိုင်ကိုရောင်းချကာ ကျောက်မဲမြို့ ခိုမုံးကျေးရွာအုပ်စု တောင်နောက်ကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြောင်းသိရှိရသည်။

ကျောက်မဲမြို့ ခိုမုံးကျေးရွာအုပ်စု တောင်နောက်ကျေးရွာ ဗုံး ခွဲခံရသည့်အခင်းဖြစ်ပွားရာနေရာသို့ အခင်းဖြစ်ပွားပြီးနောက်ပိုင်း နာရီပိုင်းလောက်တွင် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) ဒုဗိုလ်မှုးကြီး အောင်နိုင်ထူး၊ ကျောက်မဲမြို့ ခရိုင်ဒုရဲမှုးကြီးခင်မောင်ညွန့်၊ ခရိုင်မှုခင်းမှဒုရဲအုပ် ကျော်စွာထွန်း နှင့် ဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးမှ ဦးရဲထွဋ်နှင့် ဦးစီးအဖွဲ့များ၊ မြို့နယ်ရဲမှုး ဝင်းခိုင်၊  မြို့မစျေးမှုး  ဒုရဲမှုးသန်းလွင်၊ နယ်ထိန်းခေါင်းဆောင်မင်းမင်းနှင့်ဦးစီးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့ ဒုရဲမှုးကျော်ထင်ဦးစီး အဖွဲ့နှင့် စရဖ မှ ဒုတပ်ကြပ်လှမျိုးအောင် တို့  ရောက်ရှိစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်

ယခုအခင်းဖြစ်ပွားရာနေရာဖြစ်တဲ့တောင်နောက်ကျေးရွာဟာ ကျောက်မဲမြို့နှင့် ၂ မိုင်သာကွာ ဝေးပြီး ကျောက်မဲမြို့ရဲ့ နောက်ဘက်တွင်တည်ရှိကြောင်းသိရှိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး ကျောက်မဲမြို့နှင့် မလှမ်းမကမ်းရှိ တောင်နောက်ကျေးရွာ ဥက္ကဌနေအိမ်ဗုံးခွဲခံရ