Taifreedom

မိုင်းပျဉ်းဒေသခံနေအိမ်များအား တပ်မတော်မှ ဝင်ရောက်ရှာဖွေမွှေနှောက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဉ်းမြို့နယ် မိုင်းပူးအွန်ဒေသ မိန်းချိုင်အုပ်စု နားယန်းကျေးရွာဒေသခံများ၏ နေအိမ် ၁၃ အိမ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မရှိဘဲ တပ်မတော်မှ အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူ နားယန်းကျေးရွာ ဒေသခံတစ်ဦးမှ တိုင်းဖရီးဒွမ်းထံ - “ ဖေဖော်ဝါရီလ ၆ ရက်နေ့က လာရှာတာ ၊ တပ်မတော် တပ်ရင်းအမှတ်တော့ မသိရဘူး ၊ သေနတ်လဲ ပါတယ် ၊ အိမ်အနှံ့ကို အားရပါးရ လိုက်ရှာတယ် ၊ ဘာရှာတာလဲမေးတော့လဲ ဘာမှမပြောဘူး ၊ ဘာကြောင့်လာရှာရတာလဲ မပြောပြဘူး ၊ အိမ်ထဲမှာ ဘာမှမရှိတော့မှ လာရှာတဲ့ အိမ်တွေကို ဓါတ်ပုံ ရိုက်ထားတယ် ၊ ၁၃ အိမ်လောက်ရှိမယ် သူတို့ဝင်ရှာသွားတာ ၊ ရွာသားတွေကိုတော့ ကိုယ်ထိ လက်ရောက် ပြုမူတာတွေတော့ မရှိပေမယ့် အခုလို အကြောင်းရင်းမသိရဘဲနဲ့ အိမ်ထဲ မွှေနှောက် သွားတာကိုတော့ ကျွန်တော်တို့ ရွာသားတွေအကုန်လုံး စိုးရိမ်ကြောက်လန့်စေတယ်” ဟု ပြောကြားခဲ့သည်။

တပ်မတော်၏ ဝင်ရောက်ရှာဖွေမွှေနှောက်ခြင်းခံခဲ့ရသည့် နေအိမ်များမှာ - ပူအင်းဟုန် + နန်းလီ ၊ လုံးပန္စိတ္တ + နန်းနု ၊ လုံးကုံ + နန်းဆောင် ၊ လုံးကွန်းတာ + နန်းဆောက် ၊ လုံးထမ်းကူ + နန်းမန်မျဲန် ၊ လုံးဆိုင်ဟိန်းသန်းလူ + နန်းစိန်ခင် ၊ စိုင်းအိုက်လိတ် + နန်းနွန်း ၊ လုံးသောဏ + နန်းပင်း ၊ အုပ်စုအုပ်ချုပ်ရေးမှူး လုံးကောန + နန်းနန်း ၊ လုံးဟိန်းအင်တာ + နန်းတောင် ၊ စိုင်းအောင် + နန်းဆိုင် ၊ လုံးယွက်ခမ်း + နန်းမန်ပွဲ နှင့် လုံးခမ်းဟိန်းအောင်တို့၏ နေအိမ်များဖြစ်ကြောင်း သိရသည်။

မိုင်းပူးအွန်ဒေသ မိန်းချိုင်အုပ်စုအနီးတစ်ဝှိုက်တွင် လှုပ်ရှားလျှက်ရှိသည့် တပ်မတော်တပ်ရင်းများမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး) လက်အောက်ခံ တုံလောအခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း အမှတ် (၁၃၁) တပ်ရင်း ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းပျဉ်းအခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း အမှတ် (၄၃) နှင့် မိုင်းပျဉ်းအခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၅၂၈) တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး မိုင်းပျဉ်းဒေသခံနေအိမ်များအား တပ်မတော်မှ ဝင်ရောက်ရှာဖွေမွှေနှောက်

နောက်ဆုံးသတင်းများ