Taifreedom

TNLA တပ်ဖွဲ့ထံ မြေခွန်ပေးဆောင်နိုင်ခြင်းမရှိပါက မြေသိမ်းမည်ဟု မိုင်းဝီးဒေသခံများအား TNLA တပ်ဖွဲ့မှ ခြိမ်းခြောက်ပြောဆို

ပလောင်လက်နက်ကိုင် TNLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် နမ့်ခမ်းမြို့ စယ်နေအုပ်စု ပန်ဟန်ရွာ အုပ်ချုပ်ရေးမှူး အိုက်ထွန်း(ခ) ကွန်ပီးသည် TNLA တပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အတူ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စု မိုင်းဝီးရွာဒေသခံများထံ တစ်နှစ်လျှင် မြေခွန် ၁ ဧကကို ၁ သိန်းကျပ်နှင့်အထက် ပေးဆောင်ရန်နှင့် အခွန်ပေးဆောင်နိုင်ခြင်းမရှိပါက မြေသိမ်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူ မိုင်းဝီးဒေသခံ ၁ ဦးမှ တိုင်းဖရီးဒွမ်းထံ- TNLA အဖွဲ့ဝင် ပန်ဟန်ရွာ အုပ်ချုပ်ရေးမှူး အိုက်ထွန်းက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တုန်းကလည်း ကျွန်တော်တို့ဆီကို မြေခွန်ပေးဆောင်ဖို့ စာပေးပို့တောင်းဆိုဖူးတယ် ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တုန်းကလည်း လက်ဖက်ခြံပိုင်ရှင်တွေဆီ အခွန်တောင်းတယ် ၊ ဇန်နဝါရီလ ၇ ရက်နေ့ရောက်တော့လည်း ဘူဒိုဇာကားကြီးတွေနဲ့ သူတို့ရွာနဲ့ ကျွန်တော်တို့ရွာအစပ်နားက မြေနေရာကို လာညှိတယ် အဲဒါကို ကျွန်တော်တို့ ဒေသခံတွေက တပ်မတော် တာဝန်ရှိသူတွေဆီ သွားတိုင်တော့မှ ရပ်သွားတယ် ၊ အခု ဇန်နဝါရီလ ၉ ရက်နေ့ရောက်တော့လည်း TNLA တပ်ဖွဲ့ဝင်တွေနဲ့ ရောက်လာပြီးတော့ အခွန်မပေးနိုင်ရင် မြေသိမ်းမယ်ဆိုပြီး လာခြိမ်းခြောက်ပြန်တယ် ၊ အမှန်ကတော့ သူတို့က ကျွန်တော်တို့ မြေတွေကို အလကားသိမ်းယူချင်နေတာ ၊ သတင်းကြားတာကတော့ သူတို့က ရွာသစ်တည်မယ် ၊ ပြီးရင် သူတို့ပိုင်နယ်မြေအဖြစ် သိမ်းယူပြီး အုပ်ချုပ်မယ်လို့ကြားတယ် ၊ အခုဆို သူတို့က ကျွန်တော်တို့ ဒေသခံတွေကို တစ်မျိုးပြီးတစ်မျိုးခြိမ်းခြောက်တာတွေ လုပ်တယ် ၊ ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ ခုခံပြောဆိုတာတွေလုပ်မယ်ဆိုရင်လဲ ကျွန်တော်တို့က အရပ်သားတွေလေ သူတို့လို လက်နက်မှ မရှိတာ ၊ နောက်ပြီးတော့ ကျေးရွာလုံခြုံရေးအတွက်လဲ စိုးရိမ်ရသေးတယ် ၊ ဒီမြေပြဿနာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောကြားခဲ့သည်။

ပန်ဟန်ရွာ အုပ်ချုပ်ရေးမှူး အိုက်ထွန်း (ခ) ကွန်ပီးသည် TNLA တပ်ဖွဲ့၏ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသအတွင်း တာဝန်ယူလှုပ်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မိုင်းဝီးဒေသ အတွင်းရှိ မြေနေရာနှင့် ပတ်သက်၍လည်း လွန်ခဲ့သော ၂၀၁၂ ခုနှစ်တုန်းက တရုတ်ဘက်မှ ရေနံပိုက် လိုင်းသွယ်ရန် မြေနေရာလာတိုင်းစဉ်က အဆိုပါ လာတိုင်းသည့် မြေနေရာအား သူပိုင်ဆိုင်သည့်မြေဟု ပြောဆိုကာ တားဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် အစိုးရတာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အိုက်ထွန်းပိုင်ဆိုင်သည့် မြေမဟုတ်သည်ကို စစ်ဆေးတွေ့ရှိ၍ အဆိုပါ မြေနေရာအား မိုင်းဝီးကျေးရွာဒေသခံ မြေပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ပြီး ယခု ၂၀၁၇ ဒီဇင်ဘာလမှစ၍ ယခုချိန်ထိ အိုက်ထွန်း(ခ) ကွန်ပီးသည် အဆိုပါ မြေနေရာအား ၎င်းပိုင်နယ်မြေအဖြစ် သိမ်းယူဖို့ ထပ်မံကြိုးစားခဲ့ကာ မိုင်းဝီးဒေသအတွင်းရှိ ဒေသခံများထံ၌လည်း အခွန်ငွေများ မကြာခဏ ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက်မှ သတင်းပေးပို့ချက်အရ သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး TNLA တပ်ဖွဲ့ထံ မြေခွန်ပေးဆောင်နိုင်ခြင်းမရှိပါက မြေသိမ်းမည်ဟု မိုင်းဝီးဒေသခံများအား TNLA တပ်ဖွဲ့မှ ခြိမ်းခြောက်ပြောဆို

နောက်ဆုံးသတင်းများ