Taifreedom

မိုင်းဝီးဒေသရှိ လက်ဖက်ခြံပိုင်ရှင်များထံ TNLA တပ်ဖွဲ့မှ အဓမ္မအခွန်ကောက်ခံ

ပလောင်လက်နက်ကိုင် TNLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် နမ့်ခမ်းမြို့ စယ်နေအုပ်စု ပန်ဟန်ရွာ အုပ်ချုပ်ရေးမှူး အိုက်ထွန်း(ခ)ကွန်ပီးသည် အဖွဲ့ဝင် ၄ ဦးနှင့်အတူ နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စု မိုင်းဝီးရွာရှိ လက်ဖက်ခြံပိုင်ရှင်များအား TNLA တပ်ဖွဲ့ထံ လက်ဖက်ခြံတစ်ခြံလျှင် အခွန်ငွေ ၂ သိန်းကျပ် ပေးသွင်းရမည်ဟု ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီအချိန်တွင် TNLA အဖွဲ့ဝင် ပန်ဟန်အုပ်ချုပ်ရေးမှူး အိုက်ထွန်း(ခ) ကွန်ပီးသည် အခြားသော TNLA အဖွဲ့ဝင် အိုက်ပူး ၊ အိုက်ကြာ ၊ ငြမ်းကေ နှင့် အမည်မသိတစ်ဦးတို့ကို ခေါ်ယူကာ မိုင်းဝီးအုပ်စု မိုင်းဝီးရွာရှိ လက်ဖက်ခြံပိုင်ရှင်များအား TNLA တပ်ဖွဲ့ထံ လက်ဖက်ခြံတစ်ခြံလျှင် အခွန်ငွေ ၂ သိန်းကျပ် ပေးဆောင်ရမည်ဟု ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းဝီးဒေသအတွင်းရှိ လက်ဖက်စိုက်ပျိုးမြေနှင့် ပတ်သက်၍လည်း လွန်ခဲ့သော ၂၀၁၂ ခုနှစ်တုန်းက တရုတ်ဘက်မှ ရေနံပိုက်လိုင်းသွယ်ရန် မြေနေရာလာတိုင်းစဉ်က ပန်ဟန်ရွာ အုပ်ချုပ်ရေးမှူး အိုက်ထွန်း (ခ) ကွန်ပီးသည် အဆိုပါ လာတိုင်းသည့် မြေနေရာအား သူပိုင်ဆိုင်သည့်မြေဟု ပြောဆိုကာ တားဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် အစိုးရတာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အိုက်ထွန်းပိုင်ဆိုင်သည့် မြေမဟုတ်သောကြောင့် အဆိုပါ မြေနေရာအား ကျေးရွာပိုင် နယ်မြေအဖြစ် အသိအမှတ်ပြု ပေးအပ်ခဲ့ကြောင်း ဒေသခံ သတင်းရပ်ကွက်မှ သတင်းပေးပို့ချက်အရ သိရသည်။

အိုက်ထွန်း(ခ) ကွန်ပီးသည် TNLA တပ်ဖွဲ့၏ သျှမ်းပြည်မြောက်ပို်င်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသအတွင်း တာဝန်ယူလှုပ်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဆိုပါ မိုင်းဝီးဒေသအတွင်း ပလောင်လက်နက်ကိုင် (TNLA) တပ်ဖွဲ့ လာရောက်လှုပ်ရှားသောအခါ ပန်ဟန်အုပ်ချုပ်ရေးမှူး အိုက်ထွန်း(ခ)ကွန်ပီးသည် အဆိုပါ မြေနေရာအား ၎င်းပိုင်နယ်မြေအဖြစ် သိမ်းယူဖို့ ထပ်မံကြိုးစားခဲ့ပြီး အဆိုပါ ဒေသအတွင်းရှိ ဒေသခံများထံ၌လည်း အခွန်ငွေများ မကြာခဏ ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး မိုင်းဝီးဒေသရှိ လက်ဖက်ခြံပိုင်ရှင်များထံ TNLA တပ်ဖွဲ့မှ အဓမ္မအခွန်ကောက်ခံ

နောက်ဆုံးသတင်းများ