Taifreedom

တပ်မတော်မှ လွန်းကျောက်ရွာဥက္ကဋ္ဌအား သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်

တပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံအုပ်စု နှင့် မိုင်းပူးအွန်အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နောက်ပိုင်း သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မိုင်းပူးလုံအုပ်စု လွန်းကျောက်ရွာ ဥက္ကဋ္ဌအား တပ်မတော် ခမရ-၃၃၃ တပ်ရင်းမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ။



တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံအုပ်စု ပိန်းဆန်းကျေးရွာ နှင့် လွန်းကျောက်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်(ကျိုင်းတုံ) အမှတ်-၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မိုင်းဆတ်အခြေစိုက် ခြေမြန်တပ်ရင်း အမှတ်-၃၃၃ တပ်ရင်းမှ တပ်သားများသည် လွန်းကျောက်ရွာ ဥက္ကဋ္ဌအား မိုင်းပူးလုံအုပ်စု ပိန်းဆန်းကျေးရွာအနီးရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး  စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင်  အဆိုပါ ခမရ-၃၃၃ တပ်ရင်းမှ တပ်သားများသည် လွန်းကျောက်ကျေးရွာ ဒေသခံများထံ ဝက်သား ၁၀ ပိဿာ ဝယ်ပေးရန် အဓမ္မတောင်းခံမှုပြုလုပ်ခဲ့ရာ လွန်းကျောက်ရွာ ဥက္ကဋ္ဌမှ စီးပွားရေးအခြေအနေ အဆင်မပြေ၍ ထိုသို့ မပြုလုပ်ရန် ပြောဆိုတောင်းပန်ခဲ့သော်လည်း တပ်မတော်မှ သဘောမတူဘဲ လွန်းကျောက်ရွာ ဒေသခံများ စုပေါင်း၍ ဝက်သား ၈ ပိဿာဝယ်ယူပေးခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်မတော် ခမရ-၃၃၃ တပ်ရင်း၏ လုပ်ရပ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အခန်း (၃) အပိုဒ် (၉) အရပ်သားများကို ကာကွယ်ပေးခြင်း ခေါင်းစဉ်အောက်မှ အပိုဒ်ခွဲ (ဃ) နှင့် (ဥ) စသည့် အချက်များအား တပ်မတော်မှ ချိုးဖောက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး တပ်မတော်မှ လွန်းကျောက်ရွာဥက္ကဋ္ဌအား သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်

နောက်ဆုံးသတင်းများ