Taifreedom

လွိုင်လင်မြို့နယ် ဒေသခံများထံ အစိုးရပ်မတော် ခမရ-၅၁၇ မှ အခြေခံစားနပ်ရိက္ခာများ ထပ်မံတောင်းခံ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်-၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မိုင်းပွန်အခြေစိုက် အစိုးရတပ်မတော် ခမရ-၅၁၇ တပ်ရင်းသည် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု စစ်စီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် စခန်းချကာ ဒေသခံရွာသားထံမှ အခြေခံစားနပ်ရိက္ခာများ ထပ်မံတောင်းခံခဲ့ကြောင်း သတင်းရရှိ။



၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါ အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ်(၅၁၇) တပ်ရင်းမှ ဗိုလ်ကြီးသန်းစိုးအောင် ဦးဆောင်သော အင်အား ၃၈ ဦးသည် စစ်စီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် စခန်းချကာ စစ်စီကျေးရွာဒေသခံများအား ၎င်းတို့ကို ထမင်းဟင်း ၂ နပ်စာ ချက်ပြုတ် ကျွေးမွေးရမည်ဟု အဓမ္မ အမိန့်ပေး ခိုင်းစေခဲ့သည် သာမက ၎င်းတို့ အခြေစိုက်ရာ မိုင်းပွန်မြို့တွင် ကြက်ခြံပြုလုပ်ရန် စစ်စီကျေးရွာ ဒေသခံများထံမှ ဝါးလုံးများ ခုတ်ပေးရန် ခိုင်းစေခဲ့ကြောင်း သိရသည်။

အစိုးရတပ်မတော် ခမရ-၅၁၇ကို ထမင်းဟင်းချက်ပြုတ်ကျွေးရသူများမှာ စစ်စီရွာဒေသခံ လုံးစိန် အသက် ၅၆ နှစ်က ဆန်နို့ဆီဗူး ၄၃ ဗူး ကာလတန်ဖိုး ၇၅၀၀ ကျပ် ၊ စစ်စီရွာ အုပ်ချုပ်ရေးမှူး လုံးထေးအောင် အသက် ၅၅ နှစ် မှ အခြေခံစားနပ်ရိက္ခာ တန်ဖိုး ၇၀၀၀ ကျပ် နှင့် စစ်စီရွာ ဒေသခံများ စုပေါင်း၍ ဝါးလုံးများ ကာလတန်ဖိုး ၂၀၀၀၀ ကျပ်ခန့် ခုတ်ပေးခဲ့ရကြောင်း  သိရသည်။

ထို့အတူ လွန်ခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့တွင်လည်း အဆိုပါ ဗိုလ်ကြီး သန်းစိုး ဦးဆောင်သော အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ်-၅၁၇ သည် လွိုင်လင်မြို့ ဆင်ခြေဖုန်းကျေးရွာအုပ်စု ကုံးမကာကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် စခန်းချနားခိုပြီး ဒေသခံရွာသားများထံ စားနပ်ရိက္ခာများ တောင်းခံမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး လွိုင်လင်မြို့နယ် ဒေသခံများထံ အစိုးရပ်မတော် ခမရ-၅၁၇ မှ အခြေခံစားနပ်ရိက္ခာများ ထပ်မံတောင်းခံ

နောက်ဆုံးသတင်းများ