Taifreedom

တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံအရပ်သားပြည်သူထံ TNLA တပ်ဖွဲ့မှ စားနပ်ရိက္ခာ အဓမ္မတောင်းခံ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ တော့ဆန်ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် ပလောင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတပ်ဖွဲ့ဖြစ်သည့် TNLA တပ်ဖွဲ့သည် ဒေသခံ အရပ်သားပြည်သူထံ စားနပ်ရိက္ခာများ ထပ်မံ၍ အဓမ္မတောင်းခံခြင်းများ ရှိခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့၌ တော့ဆန်ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့သည် တော့ဆန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းမြင့်အောင်ထံ အခြေခံစားနပ်ရိက္ခာများ ဝယ်ယူ၍ မိုင်းလုံမြို့နယ်ခွဲ ပန်မတ်မီးကျေးရွာအုပ်စု ပါတိန်းကျေးရွာရှိ ၎င်းတို့၏ ယာယီတပ်စခန်းအရောက် ပို့ဆောင်ပေးရန်  အဓမ္မ အမိန့်ပေးခဲ့ကြောင်း သိရသည်။

TNLA တပ်ဖွဲ့၏ အတင်း အဓမ္မအမိန့်ပေး ခိုင်းစေမှုကြောင့် နိုဝင်ဘာလ ၄ ရက်နေ့တွင် တော့ဆန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်စပါး အပါအဝင် အသား ၊ ငါး နှင့် ဟင်းသီးဟင်းရွက်များ စုစုပေါင်း ငွေကျပ် ၅၀၀၀၀ ခန့် ဝယ်ခြမ်း၍ TNLA တပ်ဖွဲ့၏ ယာယီတပ်စခန်းထံ သွားရောက်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

သို့သော် တော့ဆန်ရွာသားများမှ ဟင်းသီးဟင်းရွက်များကို TNLA တပ်ဖွဲ့၏ယာယီတပ်စခန်းသို့ သွားရောက်ပို့ဆောင်စဉ် TNLA တပ်သားများမှာ တော့ဆန်ကျေးရွာအုပ်စု ပါခါးကျေးရွာနှင့် ၂ မိုင်ခန့်ဝေးကွာသော ပါတိန်းကျေးရွာသို့ ရောက်ရှိနေသောကြောင့် ဟင်းသီးဟင်းရွက်များကို ပါတိန်းကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်အထိသာ ပို့ဆောင်ခဲ့ရသည်ဟု သတင်းရရှိသည်။

ထို့အတူ လွန်ခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့၌ TNLA တပ်ဖွဲ့မှ တပ်ကြပ် အိုက်ယီ ဦးဆောင်သော TNLA တပ်သား ၅ ဦးသည် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ လွယ်အံကျေးရွာအုပ်စု လွယ်အံကျေးရွာ ဒေသခံအရပ်သားပြည်သူထံမှ ငွေကြေး ၃၀၀၀၀၀ ကျပ် အဓမ္မတောင်းခံမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံအရပ်သားပြည်သူထံ TNLA တပ်ဖွဲ့မှ စားနပ်ရိက္ခာ အဓမ္မတောင်းခံ