Taifreedom

နမ့်ခမ်း-မိုင်းဝီး လမ်းမပေါ်ပြေးဆွဲနေသော ကားသမား ၂ ဦးကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သူဟု TNLA မှ စွပ်စွဲဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ခမ်း-မိုင်းဝီး လမ်းမပေါ်ပြေးဆွဲနေသော ကားသမား ၂ ဦးကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သူဟု စွပ်စွဲပြီး TNLA အဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ။

ဖြစ်စဉ်မှာ နမ့်ခမ်း-မိုင်းဝီး လမ်းမပေါ် ပြေးဆွဲနေသည့် ကားသမား ၂ ဦးသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကုန်များဝယ်ယူကာ နမ့်ခမ်း-မိုင်းဝီးလမ်းမရှိ မန်းပူးကျေးရွာအနီးရောက်ရှိချိန် ကားပျက်သဖြင့် ခေတ္တရပ်နားပြီး ကားပြင်နေစဉ် အရပ်သားအဝတ်ဖြင့် အရပ်သားအသွင်ယူထားသော TNLA တပ်ဖွဲ့မှ အင်အား ၁၀ ဦးသည် အဆိုပါ ယာဉ်မောင်း ၂ ဦးကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သူဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်း သိရသည်။

TNLA အဖွဲ့မှ ဖမ်းဆီးထားသော ကားသမား ၂ ဦး၏ မိသားစုဝင်များက သတင်းရလျှင်ရခြင်း မန်းပူးကျေးရွာသို့ ချက်ခြင်း သွားရောက်ကာ အရပ်သားအဝတ်ဖြင့် အရပ်သားအသွင်ယူထားသော TNLA အဖွဲ့ထံ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုရာ TNLA အဖွဲ့မှ ဖမ်းဆီးထားသူ ကားသမား ၂ ဦးမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောကြောင့် ကြီးလေးသောအပြစ်ဖြစ်သဖြင့် ၎င်းတို့ ၂ ဦးအား ပြန်လွှတ်ပေးစေလိုပါက တစ်ဦးလျှင် ငွေကျပ် ၅၅၀၀၀၀ ကျပ် လာပေးမှသာလျှင် ပြန်လွှတ်ပေးမည်ဟု ပြောသောကြောင့် မိသားစုဝင်များက ကားသမား ၂ ဦးကို ငွေကျပ် ၁၁၀၀၀၀၀ ကျပ်ပေးဆောင်မှသာ ကားသမား ၂ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော ကားသမား ၂ ဦးမှာ မိုင်းဝီးကျေးရွာအုပ်စုတွင် နေထိုင်သူများဖြစ်ကြပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်ဖူးခြင်းမရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး နမ့်ခမ်း-မိုင်းဝီး လမ်းမပေါ်ပြေးဆွဲနေသော ကားသမား ၂ ဦးကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သူဟု TNLA မှ စွပ်စွဲဖမ်းဆီး

နောက်ဆုံးသတင်းများ