Taifreedom

TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ် မိဘပြည်သူများထံ ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိ ဆက်ကြေးကောက်ခံခြင်းများရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရို်င် နမ့်ခမ်းမြို့နယ်ရှိ ကုန်စုံဆိုင်များ ၊ လောင်းကစားဒိုင်များ နင့် စီးပွားရေး လုပ်ငန်းရှင်များထံ TNLA တပ်ဖွဲ့မှ ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိဆက်ကြေးကောက်ခံမှု ရှိခဲ့ကြောင်း သတင်းရရှိ။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့၌ TNLA တပ်ဖွဲ့ဝင်များက နမ့်ခမ်းမြို့နယ်ရှိ လောင်းကစားဒိုင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆက်ကြေးတောင်းခံသည့် စာစောင်များ ပေးပို့ပြီး ထိုဆက်ကြေးတောင်းခံသည့် စာစောင်အတွင်းရှိ TNLA တပ်ဖွဲ့မှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး တောင်းခံထားသည့် ဆက်ကြေးငွေ ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိ အမြန်ဆုံးသွားရောက်ပေးသွင်းရန် နှင့် အကယ်၍ ဆက်ကြေးငွ ပေးသွင်းခြင်းမရှိခဲ့ပါက အဆိုပါ လောင်းကစားဒိုင်များ ၊ ကုန်စုံဆိုင်များ (သို့မဟုတ်) လောင်းကစားဒိုင်နှင့် ကုန်စုံဆိုင်ပိုင်ရှင်၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့်ဖေါက်ခွဲဖို့ အသင့်ပြင်ထားပြီလို့ ခြိမ်းခြောက်ပြောဆိုကာ အဓမ္မဆက်ကြေးငွေ ကောက်ခံမှုများရှိခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ဒေသခံတွေက ပြောကြားခဲ့သည်။

TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ် ဒေသခံများထံ ယခုလို အဓမ္မဆက်ကြေးတောင်းခံသည့်အပေါ် ဒေသခံများ ငွေကြေးအကြပ်အတည်း တွေ့ကြုံစေပြီး အစိုးရတပ်မတော် နှင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များကလည်း အရေးယူခြင်းမရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ် မိဘပြည်သူများထံ ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိ ဆက်ကြေးကောက်ခံခြင်းများရှိနေ

နောက်ဆုံးသတင်းများ