Taifreedom

ခိုလမ်မြို့နယ်ဒေသခံများ၏ လယ်ယာမြေဧက ၇၀ ကျော်ကို အစိုးရတပ်မတော် ခမရ ၅၇၄ မှ အဓမ္မသိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်တွင် နေထိုင်သော ဒေသခံများ၏ လယ်ယာမြေဧက ၇၀ ကျော်ကို အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ် ၅၇၄ တပ်ရင်းက တပ်ပိုင် ငါးမွေးကန်ပြုလုပ်ရန် အတင်းအဓမ္မ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ။

ဖြစ်စဉ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ကြီးမြို့) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ်-၁၇ လက်အောက်ခံ ကျိုင်းတောင်းမြို့အခြေစိုက် ကျော်မျိုးလှိုင် ဦးဆောင်သော အစိုးရတပ်မတော် ခြေမြန်တပ်ရင်းအမှတ် ၅၇၄ တပ်ရင်းက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အဓမ္မ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အတင်းအဓမ္မသိမ်းဆည်းခဲ့ရသော လယ်ယာမြေပိုင်ရှင်များမှာ - ခိုလမ်မြို့ (၁) အမှတ် ၅ ရပ်ကွက် (မန်နောင်ကျေးရွာ)တွင် နေထိုင်သူ လုံးပန်မှ လယ်ယာမြေ (၅) ဧက ၊ (၂) အမှတ် ၃ ရပ်ကွက် (မန်လုံကျေးရွာ)တွင် နေထိုင်သူ လုံးတိမှ လယ်ယာမြေ (၇) ဧက ၊ အမှတ် ၅  ရပ်ကွက် (ဆေးတန်းရွာ)တွင် နေထိုင်သူများဖြစ်ကြသော (၃) နန်းမွေလှိုင်းမှ လယ်ယာမြေ (၇) ဧက ၊ (၄) လုံးလှထွန်းမှ လယ်ယာမြေ (၇) ဧက ၊ (၅) လုံးညိုမှ လယ်ယာမြေ (၇) ဧက ၊ (၆) လုံးစိန္နမှ လယ်ယာမြေ (၆) ဧက ၊ (၇) ပါဆိုင်မန်မှ လယ်ယာမြေ (၇) ဧက ၊ (၈) ပါမွေခင် မှ လယ်ယာမြေ (၁၂) ဧက ၊ (၉) လုံးထွန်းညိုမှ လယ်ယာမြေ (၇) ဧက ၊ (၁၀) နန်းရွှေစိန် မှ လယ်ယာမြေ (၇) ဧက နှင့် (၁၁) စိုင်းသီဟမှ လယ်ယာမြေ (၇) ဧက စုစုပေါင်း လယ်ယာမြေ ၇၁ ဧကသည် အစိုးရတပ်မတော် ခမရ ၅၇၄ တပ်ရင်းရဲ့ အဓမ္မသိမ်းဆည်းခြင်းကို ခံခဲ့ရကြောင်း သိရသည်။

သိမ်းဆည်းခံရသော လယ်ယာမြေနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက အစိုးရတပ်မတော်က တပ်ပိုင် ငါးကန်ပြုလုပ်ရန် အဓမ္မသိမ်းဆည်းသွားသော လယ်ယာမြေများကို အချို့နေရာများတွင် ငါးကန်ပြုလုပ်ကာ ငါးများလည်း လာရောက်မွေးမြူထားခြင်းမရှိကြောင်း ၊ အချို့နေရာများကိုလည်း ပေါင်းများထူထပ်နေသည်အထိ တမင်တကာပစ်ထားပြီး ဒေသခံများက သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လည်ရရှိရန် တောင်းဆိုသော်လည်း ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ကြောင်း သတင်းရရှိသည်။

ယခုလို အစိုးရတပ်မတော်မှ အရပ်သားပြည်သူများ၏ လယ်ယာမြေသိမ်းဆည်းခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA  ပါအခန်း ၃ အပိုဒ် ၉ ရှိ အရပ်သားများကို ကာကွယ်ပေးခြင်း ခေါင်းစဉ်အောက်မှ အပိုဒ်ခွဲ (စ) ဒေသခံများ၏ လယ်ယာမြေများကို အဓမ္မ သိမ်းပိုက်ခြင်း နှင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရ ဟူသည့်အချက်ကို ချိုးဖောက်လျှက်ရှိကြောင်း သိရသည်။

Taifreedom 

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး ခိုလမ်မြို့နယ်ဒေသခံများ၏ လယ်ယာမြေဧက ၇၀ ကျော်ကို အစိုးရတပ်မတော် ခမရ ၅၇၄ မှ အဓမ္မသိမ်းဆည်း

နောက်ဆုံးသတင်းများ