Taifreedom

TNLA အဖွဲ့ထောင်ထားသောတိုက်မိုင်းအား တိုက်မိ၍ ဒေသခံ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်မှ ဒေသခံ ၃ ဦး TNLA အဖွဲ့ ထောင်ထားသည့် တိုက်မိုင်းကို တိုက်မိသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သတင်းရရှိ။

primi sui motori con e-max

အပြည့်အစုံ

TNLA တပ်ဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၁ ဦးအား ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နောင်ခံကျေးရွာအုပ်စု နောင်ခံကျေးရွာ မရောက်မီ မူဆယ်-နမ့်ခမ်းလမ်းမကြီးတစ်နေရာ၌ အရပ်အဝတ်အစားဖြင့် အရပ်သားအသွင် ဆောင်သော TNLA တပ်ဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိ။

primi sui motori con e-max

အပြည့်အစုံ

အစိုးရတပ်မတော် ခမရ-၅၇၇ တပ်ရင်းမှ တပ်သား ၂ ဦး အရပ်သားအသွင်ယူကာ မိုင်းကိုင်ဒေသခံပြည်သူ၏ ဆိုင်ကယ်ခိုးယူ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဝမ်ဟွေကျေးရွာနှင့် ဝမ်မိန်းကျေးရွာ အုပ်စုအကြား သျှမ်းပြည် တပ်မတော် RCSS/SSA  တပ်ဖွဲ့အား လှုပ်ရှားထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း အမှတ် ၅၇၇ စစ်ကြောင်းမှ ထွက်ပြေးသော တပ်သား ၂ ဦးသည် အရပ်ဝတ်ဖြင့် အရပ်သားအသွင်ယူကာ မိုင်းကိုင်ဒေသခံ ပြည်သူ၏  ဆိုင်ကယ်ခိုးယူခဲ့ကြောင်း သတင်းရရှိ။

primi sui motori con e-max

အပြည့်အစုံ

ဟိုပုံးမြို့နယ်တွင် အစိုးရတပ်မတော် ရကသ-၁ မှ ဒေသခံများ၏ နေအိမ်တွင်း ရှာဖွေမွှေနှောက်ကာ အိမ်အသုံးအဆောင်ပစ္စည်းများ နှင့် အိမ်မွေးကြက်များ အဓမ္မယူဆောင်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ကြီးမြို့) တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးကွပ်ကဲမှု လက်အောက်ခံ ဗထူး အခြေစိုက် အစိုးရတပ်မတော် ရကသ-၁ (ရပ်စောက်မြို့) မှ အင်အား ၄၀ ကျော်ခန့်သည် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာ အုပ်စု နောင်ရဆဲကျေးရွာရှိ ဒေသခံပြည်သူလူထု၏ နေအိမ်တွင်းသို့ ဝင်ရောက်ရှာဖွေ မွှေနှောက်ပြီး ဒေသခံများ၏ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်မွေး ကြက်များ အဓမ္မယူဆောင်မှု ရှိခဲ့ကြောင်း သတင်းရရှိ။

primi sui motori con e-max

အပြည့်အစုံ

အစိုးရတပ်မတော်တပ်ရင်း ခလရ ၂၄၉ မှ အပြစ်မဲ့ ဖမ်းဆီးထားသော ကွန်ကုန်းရွာသားများ ၉ ဦး လွှတ်ပေး ၊ ၁ ဦးကျန်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ကြီးမြို့)လက်အောက်ခံ ပင်လောင်းအခြေစိုက် အစိုးရတပ်မ တော် ခြေလျင်တပ်ရင်း အမှတ် ၂၄၉ မှ အပြစ်မဲ့ ဖမ်းဆီးထားသည့် ကွန်ကုန်းရွာသား ၁၀ ဦးအနက် ကျန်ရှိနေသော ရွာသား ၉ ဦးကို အစိုးရ တပ်မတော်က ၈ ဦးပြန်လွှတ်ပေးပြီး ၁ ဦးကျန်ရှိနေသေး ကြောင်း သတင်းရရှိ။

primi sui motori con e-max

အပြည့်အစုံ

You are here: Home သတင်း လူ့အခွင့်အရေး