Taifreedom

မိုးနဲမြို့နယ် မောက်စလီကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၆ ဦးကို သျှမ်းပြည် တပ်မတော် RCSS/SSA တပ်ဖွဲ့မှ ဖမ်းဆီး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု မောက်စလီကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်/ သုံးစွဲနေသူ ၆ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိ။



သျှမ်းပြည်တပ်မတော် (RCSS/SSA)  ဒေသတာဝန်ခံတပ်မှူးများမှ မိုးနဲမြို့နယ်တွင် မူးယစ်ဆေးဝါး ကင်းစင်စေရန် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှင့် မူးယစ် ဆေးဝါးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိရာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ ညနေ ၆:၃၀ နာရီအချိန်တွင် မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု မောက်စလီကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများ ရှိနေသည်ဟု ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဒေသတာဝန်ခံတပ်မှူးများမှ မောက်စလီကျေးရွာတွင်းသို့ ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၆ ဦးနှင့်အတူ WY စာတန်းပါ ယာမစိတ်ကြွဆေးပြား ၁၄ ပြား ၊ ဘိန်းမဲ ၁ ကျပ်သားခန့် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းများကို လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



မူးယစ်ဆေးဝါးသုံးစွဲသူမှာ (၁) စိုင်းအားပေး အသက် ၂၅ နှစ် ၊ (၂) လုံးဆမ် အသက် ၆၁ နှစ် ၊ (၃) လုံးအားစိန် အသက် ၄၀ နှစ် နှင့် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများမှာ- (၄) ပါအူးလေးမ အသက် ၃၆ နှစ် ၊ (၅) နန်းအားဆုန်းမတ် အသက် ၄၀ နှစ် နှင့် (၆) လုံးဆန်း အသက် ၄၇ နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၆ ဦးစလုံးသည် လီရှောတိုင်းရင်းသားများဖြစ်ကြကာ မိုးနဲမြို့နယ် မိုင်ဟိုင်း ကျေးရွာအုပ်စု မောက်စလီကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် သျှမ်းပြည် အတွင်း မူးယစ်ဆေးဝါးအမှန်တကယ် ပပျောက်စေရန်အတွက် မူးယစ်ဆေးဝါးများ နှင့် မူးယစ်းဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ဖမ်းဆီးအရေးယူနိုင်ရန် ဒေသခံပြည်သူလူထုနှင့်အတူ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး မိုးနဲမြို့နယ် မောက်စလီကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၆ ဦးကို သျှမ်းပြည် တပ်မတော် RCSS/SSA တပ်ဖွဲ့မှ ဖမ်းဆီး

နောက်ဆုံးသတင်းများ