Taifreedom

သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ မိုးနဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၁ ဦး ထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေခံ တပ်ရင်းမှ တာဝန်ရှိ သူများသည် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု ကွန်နားကျေးရွာတွင် ဘိန်းဖြူ ၊ ဘိန်းမဲများနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၁ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။



၂၀၁၇ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ည ၈:၃၀ နာရီအချိန်တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေခံတပ်ရင်းမှ နယ်မြေအတွင်း မူးယစ်ဆေးဝါးကင်းစင်စေရန် စစ်ဆေးမှုပြုလုပ်ရာတွင် မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု ကွန်နားကျေးရွာတွင်နေထိုင်သူ အသက် ၃၈ နှစ်အရွယ်ရှိ လုံးအောင်ဆိုသူနေအိမ်အား မသင်္ကာဖွယ်ရာတွေ့ရှိ၍ နေအိမ်တွင်း ဝင်ရောက်စစ်ဆေးရာတွင် ယာဘဆေးပြား ၃၁၉ ပြား ၊ ဘိန်းဖြူ ၁ ကျပ်သားခန့် ၊ ဘိန်းမဲ ၂ ကျပ်သားခန့် နှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်း အမြောက်အများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ လုံးအောင်သည် ပအို့ဝ်လူမျိုးဖြစ်ပြီး ၁၃ နှစ်ခန့် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးဖြစ်ကာ မူးယစ်ဆေးဝါးရောင်းချလာသည်မှာ ၉ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။



သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေခံတပ်ရင်း တာဝန်ရှိသူများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များနှင့်အတူ လုံးအောင်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ချမှတ်ထားသည့် မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ မူးယစ်ဆေးစွဲနေသော လုံးအောင်အား မူးယစ်ဆေးဖြတ်ပေးခြင်း နှင့် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပေးခြင်းဆိုင်ရာကိစ္စရပ်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ မိုးနဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၁ ဦး ထပ်မံဖမ်းဆီးရမိ