Taifreedom

သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် လဲချားမိုင်းကိုင်မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၂ ဦး ၊ မူးယစ်ဆေးရောင်းဝယ်သူ ၁ ဦးနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေခံတပ်ရင်းမှ လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၅ ဦး ၊ မိုင်းကိုင်မြို့နယ်တွင် မူးယစ်ဆေး ရောင်းဝယ်သူ ၁ ဦး ၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၇ ဦး နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။



သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝါဆိုကုန်းကျောင်းရပ်ကွက်ရှိ လုံးအာဝ၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေသည်ဟု ဒေသခံပြည်သူလူထု၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆:၁၀ နာရီအချိန် ဝင်ရောက်စစ်ဆေးရာမှ မူယစ်ဆေးသုံးစွဲသူ ၇ ဦးကို မူးယစ်ဆေးသုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးရောင်းဝယ်သူဖြစ်သည့် အိမ်ရှင် လုံးအာဝမှာ ထွက်ပြေးလွှတ်မြောက် သွားကြောင်းသိရသည်။



သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးသုံးစွဲသူ ၇ ဦးမှာ (၁) စိုင်းဟန် အသက် ၂၇ နှစ် ၊ (၂) စိုင်းယို့ အသက် ၄၂ နှစ် ၊ (၃) စိုင်းကျော် အသက် ၃၅ နှစ် ၊ (၄) စိုင်းမျိုး အသက် ၂၆ နှစ် ၊ (၅) ဇော်မင်းဦး အသက် ၃၆ နှစ် ၊ (၆) ဇော်သိန်းဦး အသက် ၃၅ နှစ် နှင့် (၇) ယန်ဆီး အသက် ၄၀ နှစ် တို့ကို WY အမှတ်တံဆိပ် ယာဘဆေးပြား ၁၆၆ ပြား ၊ ဘိန်းမဲ ၁ ကျပ်သားခန့် ၊ အချိုရည်ပိုက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၁၀ ခု နှင့် မူးယစ်ဆေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



၂၀၁၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် မိုင်းကိုင်မြို့နယ် ရပ်ကွက် (၆) တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသည်ဟု ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းမှ ဝင်ရောက်စစ်ဆေးရာတွင် အသက် ၄၈ နှစ်အရွယ် စိုင်းငယ်အား ယာမဆေးပြား ၅ ပြားနှင့် မူးယစ်ဆေးဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးတွေ့ရှိ၍  စိုင်းငယ်အား သျှမ်းပြည်တပ်မတော် (RCSS/SSA)  နယ်မြေခံတပ်ရင်းမှ သက်သေခံများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းမှ နယ်မြေအတွင်း နယ်မြေလုံခြုံရေးကင်း လှည့်လှုပ်ရှားရာမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ည ၈:၃၀ အချိန်တွင် လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စု ဝမ်စန်ကျေးရွာတွင် မူးယစ်ဆေးသုံးစွဲသူ ၅ ဦး ကို မူးယစ်ဆေးသုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



မူးယစ်ဆေးသုံးစွဲသူများမှာ လဲချားမြို့နယ် ရပ်ကွက် (၃) တွင်နေထိုင်သူ စိုင်းမောင်းခေး အသက် ၁၇ နှစ်နှင့် ၎င်း၏ဖခင်ဖြစ်သူ လုံးစာလိန် အသက် ၄၀ နှစ် နှင့် လဲချားမြို့နယ် ဟိုင်းဆိုင်ကျေးရွာအုပ်စု နောင်ကျိုင်ကျေးရွာနေထိုင်သူ လုံးယာစိန် အသက် ၄၅ နှစ် ၊ ပုံတိုက်ကျေးရွာအုပ်စု လွယ်နားကျေးရွာတွင် နေထိုင်သူ စိုင်းလူ နှင့် စိုင်းလင်း တို့ကို ယာမဆေးပြား ၁၀၀ ပြားနှင့် မူးယစ်ဆေးဆက်စပ်ပစ္စည်းများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။



သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦး ၊ မူးယစ်ဆေးသုံးစွဲသူ ၁၂  ဦးတို့၏ ကိုယ်ရေးရာဇဝင်များကို စစ်တမ်းကောက်ယူထားပြီး သျှမ်းပြည် တပ်မတော် (RCSS/SSA) မှ ချမှတ်ထားသည့် ပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးရန် နှင့် မူးယစ်ဆေး သားကောင်ဖြစ်သည့် မူးယစ်ဆေးသုံးစွဲသူ ၁၂ ဦးလုံးကို မူးယစ်ဆေးဖြတ်ပေးခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် လဲချားမိုင်းကိုင်မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၂ ဦး ၊ မူးယစ်ဆေးရောင်းဝယ်သူ ၁ ဦးနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ