Taifreedom

RCSS/SSA ဆီဆိုင်မြု့နယ်အတွင် မှုးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိ

မတ်လ ၁၅ ရက်နေ့၂၀၁၇ တွင် ဆီဆိုင်မြို့နယ်အတွင်းပုံမှန် စစ်ဆေးမှုများပြုလုပ်နေ့တဲ့ RCSS/SSA လှုပ်ရှားတပ်မှ မှုးယစ်ဆေးဝါးသယ်ဆောင်လာသူကို မှုးယစ်ဆေးဝါးများနှင့် အတူထပ်မံဖမ်းဆီးခဲ့ရမိကြောင်းသိရှိရသည်

ဆီဆိုင်မြို့နယ်အတွင်း RCSS/SSA လှုပ်ရှားတပ်မှ ပုံလှုပ်ရှားစစ်ဆေးမှုများပြုလုပ်နေရာ  ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု ဝမ်တေ့ကျေးရွာတွင် မှုးယစ်ဆေးဝါးသယ်ဆောင်လာသူ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု နားခိုက်ကျေးရွာနေ အဖ လုံးဆံဖြူ အမိ ပါထွေးတို့၏သား ဖြစ်သူ စိုင်းအုံ ၃၀ နှစ်(သျှမ်းပအိုးကပြား)ကို WY စာတမ်းပါမှုးယစ်ဆေးဝါး အပြား၂၆၂၀၀ပြားနှင့် အတူဖမ်းရမိခဲ့သည်ဟုသိရှိရသည်။ 

ထွက်ဆိုချက်အရ  ၎င်းမှုးယစ်ဆေးဝါးရဲ့ပိုင်ရှင်ဟာ ပင်လောင်းမြို့နယ် စောင့်ပေါင့်လောင့် ကျေးရွာတွင် နေထိုင်သူ စိုင်းထွန်းစိန်ဖြစ်ကြောင်းနှင့် စို်င်းအုံဟာ စို်င်းထွန်းစိန် ထံမှအခ ကြေးငွေဖြင့်အငှားသယ် ဆောင်ပေးခြင်း သာဖြစ်ကြောင်းနှင့် ၎င်းမှုးယစ်ဆေးဝါးများကို လွိုင်လင်မှ RCSS/SSA တပ်ဖွဲ့ များကိုရှောင်ရှားပြီး နမ့်ပွန်ချောင်းတဘက်ကမ်းသို့ သယ်ဆောင်ပေး ရန်ဖြစ် ကြောင်းနှင့်  နမ့်ပွန်ချောင်းတဘက်ကမ်းရောက်လျှင် ထိုမှုးယစ်ဆေးဝါးများကို စိုင်းထွန်းစိန်မှလာ ရောက် ယူဆောင်မှာဖြစ်ပြီး သယ်ဆောင်ခကိုလဲ နမ့်ပွန်ချောင်းတဘက်ကမ်းရောက်မှ ပေးချေ မည်ဖြစ်ကြောင်းထွက်ဆိုချက်အရသိရှိရပါသည်။

၎င်း WY စာတမ်းပါမှုးယစ်ဆေးဝါး အပြား၂၆၂၀၀ပြား ကို စိုင်းထွန်းစိန်မှ လွိုင်လင်မြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ဝမ်မှုးဆေးကျေးရွာတွင် စိုင်းအုံထံသို့အပ်နှံခဲ့ပြီး  ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု ဝမ်တေ့ကျေးရွာအနောက်ဘက်တွင်ပို့ဆောင်ရန်ဖြစ်ကြောင်းသိရှိရပါသည်။

လွန်ခဲ့တဲ့မတ်လ ၉ ရက်နေ့၂၀၁၇တွင်လဲ RCSS/SSA လှုပ်ရှားတပ်မှ ဆီဆိုင်မြို့နယ်အတွင်း တွင် WY စာတမ်းပါမှုးယစ်ဆေးဝါး အပြား၁၀၀၀ ပြားနှင့် ဘိန်းမဲ ၂၀ ကျပ်သားကို ဖမ်းဆီးရမိခဲ့ပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး RCSS/SSA ဆီဆိုင်မြု့နယ်အတွင် မှုးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိ