Taifreedom

RCSS/SSA မှ နမ့်စန်မြို့နယ်အတွင်းမှုးယစ်ဆေးဝါးများဖမ်းဆီးရမိ

လွန်ခဲ့တဲ့ မတ်လ ၉ ရက် ၂၀၁၇ တွင် RCSS/SSA  မှ နမ့်စန်မြို့နယ်အတွင်း ပုံမှန်လှုပ်ရှား စစ်ဆေးမှုပြုလုပ်နေစဉ်  မှုးယစ်ဆေးဝါးများသယ်ဆောင်လာသူနှစ်ဦးကို မှုးယစ်ဆေးဝါးများနှင့် အတူလက်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိ။



နမ့်စန်မြို့နယ်အတွင်း ပုံမှန်လှုပ်ရှားစစ်ဆေးမှုပြုလုပ်နေတဲ့ RCSS/SSA  တပ်ဖွဲ့မှ  နမ့်စန်မြို့နယ် ဝမ်ဟိုင့်ကျေးရွာအုပ်စုနှင့်ပိန်းဆယ်ကျေးရွာအုပ်စုကြားတွင် မှုးယစ်ဆေးဝါးသယ်ဆောင်လာသူ ဆီဆိုင်မြို့နယ် နားခိုက်ရွာအုပ်စု နောင်အယ်ကျေးရွာနေ အဖလုံးတီ့ အမိ ပါနန်းအောင်တို့၏သား  စိုင်းပါလ အသက် ၃၅နှစ် နှင့် ဆီဆိုင်မြို့နယ် နမ့်ကတ်ကျေးရွာနေ  အဖလုံးဆိုင် အမိ ပါသော်တာမြင့်တို့၏သားဖြစ်သူ ခွန်မောင် ၃၅ နှစ် တို့နှစ်ဦးကို RCSS/SSA  တပ်ဖွဲ့မှ ယာမဆေးပြား ၁၀၀၀ ပြားနှင့် ဘိန်းမဲ ၂၀ကျပ်သားနှင့်အတူ လက်ဝယ် ဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။

စစ်ဆေးချက်အရ ၎င်းမှုးဆေးဝါးများကို နမ့်စန်မြို့ နယ် ဝမ်ဟိုင့်အုပ်  စု ခိုမှုံးကျေးရွာတွင် နေထိုင်သော လားဝူ့(တရုတ်လူမျိုး)ထံမှဝယ်ယူခဲ့ပြီး ဆီဆိုင်မြို့နယ် နမ့်ကတ်ကျေးရွာသို့ သွားရောက်ရောင်းချရန်ဖြစ်ကြောင်း နမ့်ကတ်ကျေးရွာသည် မှုးယစ်ဆေးဝါး သုံးစွဲအလွန် များပြားကြောင်း ၎င်းတို့နှစ်းဦးမှ ထွက်ဆိုခဲ့ကြောင်းသိရှိရပါသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး RCSS/SSA မှ နမ့်စန်မြို့နယ်အတွင်းမှုးယစ်ဆေးဝါးများဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ