Taifreedom

မန်ဆွမ်းဒေသခံ အမျိုးသမီးထုမှ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် လက်တွဲပူးပေါင်း လုပ်ဆောင်ရန် သဘောတူ

သျှမ်းပြည်မြောက်ပိုင်းဒေသတွင် မူးယစ်ဆေးဝါးအမှန်တကယ် ပပျောက်စေရန်အတွက် RCSS ၏ သျှမ်းပြည်မြောက်ပိုင်း နယ်မြေ တာဝန်ခံ တာဝန်ရှိသူနှင့် နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာအုပ်စု မန်ဆွမ်းကျေးရွာဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မန်ဆွမ်းကျေးရွာဒေသခံအမျိုးသမီးထုမှ RCSS နှင့်အတူတကွ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ သျှမ်းပြည်မြောက်ပိုင်း နယ်မြေတာဝန်ခံ တာဝန်ရှိသူမှ မန်ဆွမ်းကျေးရွာ ဒေသခံများနှင့် မန်ဆွမ်းကျေးရွာတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးတစ်ရပ် ပြုလုပ်ခဲ့ရာ မန်ဆွမ်းကျေးရွာဒေသခံ အမျိုးသမီးထု ၅၀ ခန့်က RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် RCSS ၏ နယ်မြေတာဝန်ခံ တာဝန်ရှိသူများနင့် အတူတကွ ၎င်းတို့၏ ဒေသအတွင်း မူးယစ်ဆေးဝါးအမှန်တကယ် ပပျောက်စေရန် လက်တွဲပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

မန်ဆွမ်းကျေးရွာအုပ်စုတွင် မန်ဆွမ်းကျေးရွာ ၊ ကွန်ကျိုင်းကျေးရွာ နှင့် ကောင်းနောင်ကျေးရွာဟူ၍ ကျေးရွာ ၃ ရွာရှိပြီး မန်ဆွမ်းကျေးရွာအုပ်စုသည် နမ့်ခမ်းမြို့နယ်အတွင်း ပါဝင်သော်လည်း ၎င်းဒေသသည် သျှမ်း-တရုတ်-ကချင်နယ်စပ်ဒေသတွင် တည်ရှိပြီး ထိုဒေသကို ထုင့်လွယ်ဟိုဆေဒေသ ဟူ၍ ဒေသခံများက ခေါ်ဝေါ်ကြသည်ဟု သိရသည်။

ထုင့်လွယ်ဟိုဆေဒေသသည် သျှမ်း-တရုတ်-ကချင် နယ်စပ်ဒေသဖြစ်ရာ မူးယစ်ဆေးဝါးများ နှင့် သစ်များ မှောင်ခိုရောင်းချရာတွင် လွတ်လပ်လွယ်ကူသောကြောင့် ထိုဒေသရှိ ဒေသခံများမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ နှစ်စဉ် တိုးပွားလျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး မန်ဆွမ်းဒေသခံ အမျိုးသမီးထုမှ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် လက်တွဲပူးပေါင်း လုပ်ဆောင်ရန် သဘောတူ