Taifreedom

ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃ ဦးကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒေသတာဝန်ခံတပ်ရင်းမှ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု မော်အွတ်ကျေးရွာသို့ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၃ ဦးနှင့်အတူ WY စာတန်းပါ ယာဘဆေးပြား ၁၇၀၇ ပြား နှင့် ပလတ်စတစ်ဘူးဖြင့် ထည့်ထားသော ဘိန်းဖြူ ၁ ဘူးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃ ဦးမှာ (၁) လုံးဆမ် အသက် ၆၁ နှစ် ၊ (၂) စိုင်းကျော်လင်း အသက် ၁၄ နှစ် နှင့် (၃) ပါစုဆာ အသက် ၅၂ နှစ် တို့ဖြစ်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု မော်အွတ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦး၏ ထွက်ဆိုချက်အရ ၎င်း WY စာတန်းပါ ယာဘဆေးပြား ၁၇၀၇ ပြား နှင့် ဘိန်းဖြူများကို ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာတွင်နေထိုင်သူ စိုင်းစန္ဒာ အသက် ၅၇ နှစ်ထံမှတဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးအမှန်တကယ်ပပျောက် နိုင်စေရန်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက လျှက်ရှိကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ