Taifreedom

ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စု ဟူးကွတ်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ  ၂ ဦးကို သက်သေခံ မူးယစ်ဆေးဝါးများ နှင့်အတူ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဒေသခံများ၏ ကြိုတင်သတင်းပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒေသတာဝန်ခံ တပ်ရင်းမှ တာဝန်ရှိသူများက ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စု ဟူးကွတ်ကျေးရွာရှိ စိုင်းမိုးကျော် + နန်းခင်လေး တို့၏ နေအိမ်တွင်းသို့ ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ယာဘဆေးပြား ၁၃၄ ပြား နှင့် ပလတ်စတစ်ပိုက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၂၃ ခု နှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူ စိုင်းမိုးကျော် နှင့် နန်းခင်လေးတို့ လင်မယားနှစ်ဦးကို RCSS/SSA မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူ စိုင်းမိုးကျော်မှာ အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သည့်အပြင် မူးယစ်ဆေးသုံးစွဲသူ ၁ ဦးဖြစ်ကာ ၎င်း၏ ဇနီးဖြစ်သူ နန်းခင်လေးကတော့ အသက် ၃၈ နှစ်ဖြစ်ကာ ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စု ဟူးကွတ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒေသတာဝန်ခံ တပ်ရင်းမှ တာဝန်ရှိသူများက သက်သေခံမူးယစ်ဆေးဝါးများနှင့်တကွ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးရောင်းဝယ်သူ စိုင်းမိုးကျော် နှင့် နန်းခင်လေးတို့ လင်မယား ၂ ဦးအား ဟူးကွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ