Taifreedom

မိုင်းကိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၃ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၃ ဦးကို သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီတွင် ဒေသခံများ၏ ကြိုတင်သတင်းပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒေသခံတပ်ရင်းမှ တာဝန်ရှိသူများက မိုင်းကိုင်မြို့နယ် ဟွေနွဲ့ကျေးရွာအုပ်စု ဟိုနားကျေးရွာတွင်းသို့ ဝင်ရောက်စစ်ဆေးရာ ဟိုနားကျေးရွာတွင်နေထိုင်သူ စိုင်းလင်း + နန်းဆိုင်တို့၏ နေအိမ်တွင် WY စာတန်းပါ ယာမဆေးပြား ၂၃၀ ပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသူ ၁ ဦး နှင့် အိမ်ရှင်ဖြစ်သည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ စိုင်းလင်း + နန်းဆိုင် ၂ ဦးကို သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူမှာ လုံးအေ အသက် ၆၁ နှစ်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးမှာ စိုင်းလင်း အသက် ၂၈ နှစ်နှင့် နန်းဆိုင် အသက် ၂၉ နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးမှာ မိုင်းကိုင်မြို့နယ် ဟွေနွဲ့ကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် နေထိုင်သူများဖြစ်ကြကာ  ယခုချိန်တွင် ထိုမူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၁ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဒေသခံတပ်ရင်း တာဝန်ရှိသူများက သျှမ်းပြည်တပ်မတော် RCSS/SSA ၏ မူးယစ်ဆေးဝါးပေါ်လစီနှင့် အညီ အရေးယူနိုင်ရန်နှင့် မူးယစ်ဆေးသားကောင်ဖြစ်သည့် မူးယစ်ဆေးသုံးစွဲသူ လုံးအေ အား မူးယစ်ဆေးဖြတ်ပေးခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လမှစ၍ စက်တင်ဘာလအထိ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ တာဝန်ရှိသူများ နှင့် မိုင်းကိုင်မြို့နယ် ဒေသခံများ လက်တွဲညီစွာ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအတွင်း မူးယစ်ဆေးဝါးကင်းစင်စေရန် တိုက်ဖျက်ရာ ၎င်း ၃ လအတွင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးအမှန်တကယ်ပပျောက် နိုင်စေရန်အတွက် မူးယစ် ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ဖမ်းဆီးအရေးယူနိုင်ရန် ဒေသခံပြည်သူလူထုနှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး မိုင်းကိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၃ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ထပ်မံဖမ်းဆီးရမိ

နောက်ဆုံးသတင်းများ