Taifreedom

တပ်မတော်နှင့် ပလောင် TNLA တို့ရဲ့တိုက်ပွဲတွင်းလက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှု ကြောင့် မိခင်နှင့် ကလေးနှစ်ဦးပွဲချင်းပြီးသေဆုံး

မတ်လ ၁၄ ရက် ၂၀၁၇ တွင် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော် နှင့်ပလောင် TNLA တို့ကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရွာတွင်းလူနေအိမ် ပေါ်လက်နက်ကြီး ကျည်ကျ ရောက်ပေါက်ကွဲခဲ့မှုကြောင့် မိခင်နှင့်ကလေးနှစ်ပွဲချင်းပြီးသေဆုံးကာခြံတွင်းရှိနွား ၁၀ ကောင်လဲသဆုံးခဲ့ကြောင်းသိရှိရသည်

မတ်လ ၁၄ ရက် ၂၀၁၇ နံနက် ၃ နာရီအချိန်လောက်မှစပြီး သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့ အနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအထိတိုက်ပွဲကျယ်ပြန့်ခဲ့ပြီး နံနက်၈ နာရီဝန်းကျင်လောက်တွင် တိုက်ပွဲကြောင့်  ကွတ်ခိုင်မြို့နှင့် ၃ မိုင်လောက်ကွာဝေးတဲ့ ဖတ်ရိုင်းပြိန်း ဟွယ်အုပ်စု နမ့်ခုမ်ကျေးရွာ ဒေါ်မာသာအောင်နေအိမ်ပေါ်သို့လက်နက်ကြီးကျရောက် ပေါက် ကွဲ သဖြင့်ဒေါ်မာသာအောင်နှင့် သားအမိနှစ်ဦးပွဲချင်းသေဆုံးခဲ့ပြီးအလားတူဒေါ်မာသာအောင် အိမ်ဝင်း အ တွင်းရှိနွားခြံမှနွား ၁၀ ကောင်လဲလက်နက်ကြီး ကျည်ကျကွဲ မှုကြောင့် သေ  ဆုံး ခဲ့သည်ဟု သိရှိရ ပါသည်။

အလားတူ နမ့်ဖက်ကာအနီးရှိ  မနေည်ရန်ကျေးရွာ (ကချင်ရွာ)တွင် အိမ်ခေါင်မိုးပေါ် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့်  ဒေသခံရွာသား ၃ ဦးထိခိုက်ဒစဏ်ရာ ရခဲ့ကြောင်းသိရှိရပါသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး TNLA မှ တပ်မတော်ရဲ့ ကွတ်ခိုင်အခြေစိုက် အမှတ် ၅ ဗျုဟာကိုဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရှိရပြီး ရဲစခန်းအနီးရှိ တပ်မတော်စခန်းကို TNLA နှင့် KIA တို့ပူးပေါင်းပြီး အရင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သျှမ်းပြည်ရဲမူး အောင်အောင် လဲ RFA သို့ပြာကြားခဲ့ပါသည်။

Taifreedom

 

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ တပ်မတော်နှင့် ပလောင် TNLA တို့ရဲ့တိုက်ပွဲတွင်းလက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှု ကြောင့် မိခင်နှင့် ကလေးနှစ်ဦးပွဲချင်းပြီးသေဆုံး