Taifreedom

၂၀၁၈ ခုနှစ် ပထမပတ်အတွင်း တပ်မတော် နှင့် RCSS/SSA တို့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

၂၀၁၈ ခုနှစ် ပထမပတ်အတွင်း တပ်မတော် နှင့် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လွိုင်လင်မြို့နယ်   နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျေးသီးမြို့နယ်၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ ကြောင်း သိရသည်။



၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီးမြို့) လက်အောက်ခံ တုံလောအခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်းအမှတ် (၁၃၁) တပ်ရင်းမှ အင်အား ၄၀ ကျော်ခန့်သည် ကျေးသီးမြို့နယ် ဝမ်ချင်အုပ်စု ကုန်းဆာကျေးရွာ အနောက်ဘက်ခြမ်း နမ့်ဆိုင်တောင်ရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ နာရီဝက်ကျော်ကြာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲမဖြစ်ပွားမီ ဇန်နဝါရီလ ၆ ရက်နေ့တွင် တပ်မတော်မှ အင်အား ၄၀ ကျော်ခန့်သည် သျှမ်းပြည်တပ်မတော် (RCSS/SSA ) တပ်စခန်းအား ရည်ရွယ်ချက်ရှိရှိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ တပ်မတော်ဘက်မှ ထိခို်က်ကျဆုံးမှုကိုတော့ မသိရသေးကြောင်း သတင်းရရှိသည်။

၂၀၁၈ ခုနှစ် ပထမပတ်အတွင်း အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ၄ ကြိမ်ရှိပြီဖြစ်ပြီး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ တပ်မတော် နှင့် RCSS/SSA တပ်ဖွဲ့တို့ စုစုပေါင်း တိုက်ပွဲ ၂၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ ၂၀၁၈ ခုနှစ် ပထမပတ်အတွင်း တပ်မတော် နှင့် RCSS/SSA တို့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

နောက်ဆုံးသတင်းများ