Taifreedom

သီပေါမြို့နယ်တွင် အစိုးရတပ်မတော် နှင့် SSPP/SSA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်မတော် ခလရ-၁၄၇ မှ အင်အား ၇၀ ကျော်ခန့်ရှိ စစ်ကြောင်း နှင့် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA တို့  သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လင်းကျေးရွာ နှင့် နမ့်တိုက်ဖိုင်းကျေးရွာကြားတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန့်မှ ၉ နာရီအချိန်ထိ နာရီဝက်ကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ။



တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြန်ကြားရေး နှင့် သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ အစိုးရတပ်မတော်က သီပေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လှုပ်ရှားရာမှ ယခုလို နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရတာဖြစ်ပြီး တိုက်ပွဲတွင် နှစ်ဦးနှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တပ်မတော် (SSPP/SSA) သည် ဝ တပ်ဖွဲ့ခေါင်းဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ညှိနှိုင်းရေးကော်မတီ (FPNCC) မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ရှိ မဟာမိတ်အဖွဲ့တွင် ပါဝင်ထားသည့် တပ်ဖွဲ့ဝင်ဖြစ်ပြီး FPNCC အဖွဲ့ဝင်များသည် NCA လမ်းကြောင်းကို လက်ခံခြင်းမရှိကြောင်း အတိအလင်း ကြေညာထားသည့် အဖွဲ့ဖြစ်သည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ သီပေါမြို့နယ်တွင် အစိုးရတပ်မတော် နှင့် SSPP/SSA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

နောက်ဆုံးသတင်းများ