Taifreedom

Euro- Burma Office ( EBO ) အဖွဲ့မှ ဦးစီးပြီး ကရင်ပြည်နယ်ဘားအံမြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Euro- Burma Office ( EBO ) အဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏
ဆက်ဆံရေးရုံးတာဝန်ခံများနှင့်ဝန်ထမ်းများအတွက် အလုပ်ရုံဆွေးနွေးပွဲ Workshop  ကို  ကရင်ပြည်နယ် ဘားအံမြို့ရှိ သံလွင်ပါလဒိုက်ဟိုတယ်တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပထမနေ့ ဆွေးနွေးပွဲတွင် ခေါင်းစဉ် ၁၁ ခုဖြင့် ဆွေးနွေးသွားကြောင်း။ဆွေးနွေးသွားသည့် ခေါင်းစဉ်များမှာ- (၁)NCCT နှင့် UPWC အဖွဲ့တို့ ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများ၊ (၂) နိုင်ငံရေးဆွေးနွေးရေးမူဘောင်၊ (၃) နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်သောအဖွဲ့အစည်းများ၊(၄)Framework  Drifting  Process (၅) National Dialogue Discussion၊ (၆)ပင်လုံနိုင်ငံရေးစိတ်ဓါတ်၊ (၇)General Type of Organization၊ (၈) ပြည်သူများနှင့်တွေ့ဆုံခြင်းအကြောင်း၊ (၉)CSO Engagement Process၊ (၁၀)အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများအကြောင်း၊(၁၁)၂၀၁၅ ခုနှစ်၏ ရုံးဖွဲ့စည်းပုံနှင့်ငွေကြေးသုံးစွဲခြင်း စသည့် အချက် ၁၁ ချက်ပါ အကြောင်းအရာများကို အလုပ်ရုံးဆွေးနွေးပွဲတွင် ဆွေးနွေးသွားကြောင်း ဆွေးနွေးပွဲသို့တက်ရောက်သူတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် ဒုတိယနေ့မှာတော့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်း၊ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ကရင်အမျိုးသားအစည်းအရုံးKNU  ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် မိတ်ဆုံစားပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မိန့်ခွန်းစကားပြောကြားခဲ့ရာ  (၁) အစိုးရအဖွဲ့နှင့် KNU အဖွဲ့တို့ ၃ နှစ်ကာလ အပစ်အခတ်ရပ်စဲရေးတွင် ရရှိသည့် အကောင်းအဆိုး ရလဒ် များ၊(၂) ပြည်ထောင်စုနေ့တွင် ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကတိပြုချက် လက်မှတ်ရေးထိုးခြင်းဆိုင်ရာနှင့်NCA လက်မှတ်ရေးးထိုးပွဲသို့ခြေလှမ်းချီတက်သွားရန်အကြောင်းများကို ပြောကြားသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း။ဦးအောင်မင်း၏ မိန့်ခွန်းထဲတွင် (၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိခြင်း၊(၂)ပြည်ထောင်စုနေ့တွင် အစိုးရဘက်မှလက်မှတ်ရေးထိုးရန်အတွက် သမ္မတထံ ဦးအောင်မင်းမှ တိုက်တွန်းခဲ့သောကြောင့် သမ္မတရဲ့ လက်အောက်ခံများအားလုံးလည်း လက်မှတ်ရေးထိုးပွဲတွင် ပါဝင်လက်မှတ်ရေးထိုးလာခဲ့ရုံမက နှစ်ဦးနှစ်ဖက်အတွက်လည်း ငြိမ်းချမ်းရေးသို့ချီတက်ရန်လမ်းစလည်းဖြစ်ကြောင်း၊(၃) ပြည်ထောင်စုနေ့တွင်လက်မှတ်ရေးထိုးသော အဖွဲ့များ၏ နယ်မြေများကို အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်သည့် နယ်မြေဖြစ်အောင် ပျိုးထောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသွား သတင်းရရှိပါတယ်။



ဆက်လက်ပြီး KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေးအကြောင်း၊ငြိမ်းချမ်းရေးအခြေအနေသုံးသပ်ခြင်းနှင့် စောင့်ကြည့်ခြင်း အကြောင်းအသေးစိပ်ကို ဦးဆောင်ရှင်းလင်းသွားပြီးနောက် KPRP အဖွဲ့၏ကိုယ်စားလှယ်မှ ဆက်ဆံရေးရုံးတွင် ၎င်းတို့ ကူညီခဲ့သည့်အကြောင်းများနှင့်ရှေ့ဆက်ပြီးကူညီသွားမည့် အစီအစဉ်များ (၁) ပညာပေးသင်တန်းများ၊(၂)ရေဒီယို အသံလွင်အစီအစဉ်များ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း နှင့် Save the Children အဖွဲ့မှလည်း မူးယစ်ဆေးဝါး အန္တရာယ် များကို ရှင်းပြသွားကြောင်း သိရှိရပါတယ်။
မတ်လ ၁ ရက်နေ့ဆွေးနွေးပွဲ နောက်ဆုံးရက်မှာတော့ (၁)What Associate with Decision Making (၂) နှစ်ဦးနှစ်ဖက်သဘောတူပြီး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ၊(၃)အာရုံလေးပါး၊(၄)သင်ယူမှုစက်ဝိုင်း၊(၅) ဂျိုးဟာရီ၏ပြူတင်းပေါက် စသည့် အကြောင်းများကိုပါ ဆွေးနွေးသွားကြောင်း။

အလုပ်ရုံဆွေးနွေးပွဲ workshop သို့ ကရင်အမျိုးသားအစည်းအရုံး KNU၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ဗုဒ္ဓ ကရင်အမျိုးသား တပ်မတော် DKBA၊ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အစည်းအရုံး PNLO၊ချင်းအမျိုးသားတပ်ဦး CNF၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊မွန်ပြည်သစ်ပါတီ NMSPနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စသည့် အဖွဲ့အစည်း ၉ ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။


Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း News Euro- Burma Office ( EBO ) အဖွဲ့မှ ဦးစီးပြီး ကရင်ပြည်နယ်ဘားအံမြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နောက်ဆုံးသတင်းများ