Taifreedom

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အဆင့်မြင့်နိုင်ငံရေးရုံးလုပ်ငန်းမွမ်းမံ သင်တန်း ဖွင့်လစ်

မတ်လ ၁၄ ရက် ၂၀၁၇ တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ နိုင်ငံရေးဆွေးနွေးပွဲရုံးလုပ်ငန်းများအတွက် အဆင့်မြင့်နိုင်ငံရေးရုံးလုပ်ငန်းမွမ်း မံသင်တန်းကို ဒုတိအကြိမ်အဖြစ် တောင်ကြီးမြို့  Cherry Queen Totel ဖွင့်လစ်တွင်ကျင်း ခဲ့ ကြောင်းသိရပါသည်

ဖွင့်ပွဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ငြိမ်းချမ်းရေးဖော်ရေးကော်မတီမှ ဗိုလ်ချုပ် ပေါင်ခေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် တဆက်ထဲတွင် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးစိုင်းဦးနှင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ ခိုလမ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုး တေဝိန်တို့မှ အသီးသီးတက် ရောက်အမှာစကားပြောကြားခဲ့ကြကြောင်းသိရှိရပါသည်

သင်တန်းကို ဖိလစ်ပိုင်မှ Mr.Nery နှင့် အမေရိကန်နိုင်ငံမှ Ms.Gabby တို့မှအဓိကတာဝန်ယူ သင်ကြားပို့ချသွားမှာဖြစ်ကြာင်းသိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ နိုင်ငံရေးဆွေးနွေးပွဲရုံးလုပ်ငန်းများအတွက် အဆင့်မြင့်နိုင်ငံရေး ရုံးလုပ်ငန်းသင်တန်းကို ၂၀၁၆ ဒီဇင်ဘာတွင် ပထမအကြိမ်ဖွင့်လစ် ခဲ့ပြီးဖြစ်ကြောင်းသိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အဆင့်မြင့်နိုင်ငံရေးရုံးလုပ်ငန်းမွမ်းမံ သင်တန်း ဖွင့်လစ်