Taifreedom

ပထမအကြိမ် ကချင်ပြည်နယ် သျှမ်းစာပေယဉ်ကျေးမှု ဆရာဖြစ်သင်တန်းအောင်မြင်စွာပြီးမြှောက်

မတ်လ ၁ရက်နေ့ ၂၀၁၇ ကချင်ပြည်နယ်တွင် ပထမအကြိမ်စတင်သင်တန်းဖွင့်လစ်ခဲ့သည့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုဆရာသင်တန်းကို အောင်မြင်စွာနဲ့သင်တန်းဖွင့်လစ်နိုင်ခဲ့ပြီး မတ်လ ၁၁ ရက် ၂၀၁၇ တွင် သင်းတန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရှိရပါသည်

ကချင်ပြည်နယ်တွင် ပထမအကြိမ် ဖွင့်လစ်ခဲ့သည့်သျှမ်းစာပေယဉ်ကျေးမှု ဆရာဖြစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ရပ်နီးရပ်ဝေးမှာ သျှမ်းပြည်သူလူထုကိုယ်စားများတိုက်ရောက်ခဲ့ပြီး ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးထင်လင်းမှတက်ရောက်အမှာစကားပြောကြား ခဲ့ ကြောင်းသိရှိရသည် ။ တဆက်ထဲတွင် ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးထင်လင်းမှ အမှာစကားပြောကြားပြီးနောက်ပိုင်းတွင် သျှမ်းစာပေယဉ်ကျေးမှုမှ ဆရာကြီး လုံးစိုင်းဖနှင့် လုံးစိုင်းရီကြိုင်မှ အသီးသီးအမျာစကားများပြောကြားခဲ့ကြတယ်လို့သိရှိရပါသည်

ကချင်ပြည်နယ်တွင် ပထမအကြိမ် ဖွင့်လစ်ခဲ့သည့်သျှမ်းစာပေယဉ်ကျေးမှု ဆရာဖြစ်သင်တန်းကို  မတ်လ ၁ရက်နေ့ ၂၀၁၇ မှ မတ်လ ၁၁ ရက် ၂၀၁၇ အထိဖွင့်လစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို သျှမ်းရိုးရာအကနှင့် သျှမ်းရိုးရာတေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းသိရှိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ပထမအကြိမ် ကချင်ပြည်နယ် သျှမ်းစာပေယဉ်ကျေးမှု ဆရာဖြစ်သင်တန်းအောင်မြင်စွာပြီးမြှောက်

နောက်ဆုံးသတင်းများ