Taifreedom

RCSS အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲသို့ တက်ရောက်

၂၀၁၈ ခုနှစ် ၊ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ အစိုးရ၏ ဖိတ်ကြားချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်း တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိ။



အဆိုပါ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် ABSDF, ALP, CNF, DKBA, KNU-PC, PNLO, RCSS, NMSP, LDU နှင့်  နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ တပ်မတော်အရာရှိကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဇနီးတို့က အခမ်းအနားသို့ တက်ရောက်လာကြသူ ဧည့်သည်တော်များအား နှုတ်ခွန်းဆက်သပြီးနောက် ဧည့်သည်တော်များနှင့်အတူ ညစာအတူတကွ သုံးဆောင်ကြကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သိရသည်။



ညစာစားပွဲအပြီးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီး ဌာနမှ အနုပညာရှင်များနှင့် တိုင်းဒေသကြီး ၊ ပြည်နယ်အသီးသီးတို့မှ ယဉ်ကျေးမှုအကအဖွဲ့များက ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း အစရှိသည့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို ထင်ဟပ်ဖော်ပြစေသည့် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များကို ဖိတ်ကြားခဲ့ခြင်းမရှိဘဲ ယနေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည့် အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)  ၏ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)  ဥက္ကဋ္ဌ ကျာခွန်ဆာ တို့လည်း ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲသို့ တက်ရောက်

နောက်ဆုံးသတင်းများ