Taifreedom

မိုးနဲ-မောက်မယ် တံတားဆောက်လုပ်ရေးစီမံကိန်းတွင် ဒေသခံ၏ မြေယာများ လမ်းနယ်အဖြစ် ကျူးကျော်သိမ်းပိုက်

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့ (၁၂) သည် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် နှင့် မောက်မယ်မြို့နယ်အား ဆက်သွယ်ထားသည့် မိုးနဲ-မောက်မယ် လမ်းပေါ်ရှိ တံတားအမှတ် (၃/၂၃) တည်ဆောက်မှုတွင် ဒေသခံများ၏ မြေယာများကို လမ်းနယ်အဖြစ် သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိ။



လမ်းနယ်အဖြစ် မြေသိမ်းပိုက်ခြင်းခံရသည့် မောက်မယ်မြို့နယ် ဟိုလွယ်အုပ်စု ဟိုပုမ်းရွာနေ လုံးလုအောင်မှ တိုင်းဖရီးဒွမ်းထံ - ကျွန်တော်တို့ခြံမြေထဲကို လမ်းနယ်ဆိုတဲ့ ကျောက်တိုင်လာ စိုက်ထားတယ် ၊ အဲဒီလိုလုပ်တာ ကျွန်တော်တို့ကို လုံးဝ အသိမပေးဘူး ၊ ဒီရေမြောင်းကနေ စတိုင်းရင် ပေ ၅၀ လောက်ရှိတယ် ၊  မြေတွေတောင် လာညှိနေပြီ ၊ အခုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မြို့နယ် ထွေအုပ်ရုံးကို သွားတိုင်တယ် ၊ သွားတိုင်တုန်းကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ လာရောက်ဖြေရှင်းပေးမယ်ပြောတယ် ၊ ဒါပေမယ့် အခုထိ ဘာမှ မဖြေရှင်းပေးဘူး ၊ လမ်းလုပ်နေတာ တွေကလဲ ဆက်လုပ်နေတုန်းပဲ နောက်ထပ် ၂ ရက် ၃ ရက်ဆိုရင် ကျွန်တော့်ခြံမြေတွေ အကုန် လမ်းမြေထဲ ပါသွားပြီ ၊ လုပ်ကိုင်စားသောက်ဖို့ နေရာကလဲ ဒီခြံမြေတွေကိုပဲ အားကိုးအားထား ပြုရတာဆိုတော့ ၊ သက်ဆိုင်ရာတွေကို လာရောက်ဖြေရှင်းပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောကြားခဲ့သည်။

“ လမ်းနယ်ဆိုတဲ့ တိုင်ကို လုံးလုအောင် ခြံထဲကို လာစိုက်ထားတာ ၊ လမ်းပြန်ချဲ့ထားတာ တော်တော်ကို ကျယ်တယ် ၊ ပြီးတော့ သူတို့တံတားဆောက်တာ အရှည်ဘယ်လောက်ရှိလဲ ၊ တံတားအမျိုးအစားဘာလဲ ဆိုတာကိုလဲ ကျွန်တော်တို့ မသိရဘူး ၊ သူတို့တံတားလာဆောက်တော့လဲ ၊ နေရာမလောက်တော့ ရွာသားတွေရဲ့ ခြံစည်းရိုးဖျက်ရပြန်ရော ၊ ခြံစည်းရိုးပြန်လုပ်ပေးမယ်လို့ပြောပြီး မြေတွေ ချဲ့ရင်း ချဲ့ရင်းနဲ့ အိမ်နဲ့တောင် တော်တော်နီးနေပြီ”  လို့ လွယ်ဟိုအုပ်စု တာဝန်ရှိသူ စိုင်းညွှန့်သန်းမှ တိုင်းဖရီးဒွမ်းထံ ပြောကြားခဲ့သည်။



လမ်းတံတားဆောက်လုပ်ရေးစီမံကိန်းမှ ဒေသခံများ၏ လယ်ယာမြေများအား လမ်းနယ်အဖြစ် သိမ်းပိုက်ခဲ့သည့်အပေါ် ဒေသခံများက သက်ဆိုင်ရာ တာဝန်ရှိသူများအား လာရောက်ဖြေရှင်းပေးစေ လိုကြောင်း သိရသည်။

မိုးနဲ-မောက်မယ် တံတားမှာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအမှတ် ၃/၂၃ အရှည် ပေ ၇၀ ရှိကာ မိုးနဲ-မောက်မယ်လမ်းမ မောက်မယ်မြို့နယ် ဟိုလွယ်အုပ်စု ဟိုပုမ်းရွာတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ကာ ၂၀၁၈ ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း မိုးနဲ-မောက်မယ် တံတားဆောက်လုပ်ရေးစီမံကိန်းတွင် ဒေသခံ၏ မြေယာများ လမ်းနယ်အဖြစ် ကျူးကျော်သိမ်းပိုက်

နောက်ဆုံးသတင်းများ