Taifreedom

RCSS ပညာရေးအလုပ်အမှုဆောင်ကော်မတီမှ ကလေးများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးအလုပ်အမှုဆောင် ကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ ၊ ဆရာ ဆရာမများ နှင့် ကျောင်းသူကျောင်းသားများ စုပေါင်း၍ ကလေးများနေ့ (Children’s Day) အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိ။



ကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် RCSS ၏ ထိန်းချုပ်နယ်မြေဖြစ်သော ပင်လုံမြို့တစ်နေရာတွင် ကျင်းပခဲ့ပြီး စဝ်ကန်းစိတ်မှ အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ကာ အခမ်းအနားသို့တက်ရောက်လာသူ တာဝန်ရှိသူများ ၊ ရပ်မိရပ်ဖများ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများမှ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဆီမီး ၁၀၀၀ ထွန်းညှိခဲ့ကြကြောင်း သိရသည်။

အလားတူစွာ ပညာရေးဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ကမကထပြု၍ ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် ခိုလမ်မြို့တစ်နေရာ၌ ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။



ထို့အတူ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို RCSS ၏ ပညာရေးဗဟို အလုပ်အမှုဆောင် ကော်မတီမှ ဦးဆောင် ကမကထပြု၍ လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ RCSS ၏ ဌာနချုပ်ဖြစ်သော လွိုင်းတိုင်းလျဲန်းဌာနချုပ်ရှိ သျှမ်းအမျိုးသားကျောင်း အပါအဝင် ထိုင်း-သျှမ်း နယ်စပ်တစ်လျှောက်ရှိ လွယ်ကော်ဝမ်း ၊ ကောင်းမုန်မိန်း ၊ လွယ်ဆမ်ဆစ် အစရှိသည့် နယ်စပ်ဒေသရှိ သျှမ်းအမျိုးသားကျောင်း ၁၇ ကျောင်းတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးပေါ်လစီနှင့်အညီ ကလေးသူငယ် များအား သျှမ်းစာပေ နှင့် ယဉ်ကျေးမှုအမွေအနှစ်အပါအဝင် နောင်အနာဂါတ်ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် အယူအဆများ ထက်မြက်လာစေရန် ၊ ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန် ၊ နှုတ်မှုရေးရာ ပြောဆိုနိုင်သည့် စွမ်းရည်များ မြင့်မားလာစေရန် နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS ပညာရေးအလုပ်အမှုဆောင်ကော်မတီမှ ကလေးများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နောက်ဆုံးသတင်းများ