Taifreedom

သျှမ်း-တရုတ်-ကချင်နယ်စပ်ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား သျှမ်းလူမှုအဖွဲ့အစည်း ၉ ဖွဲ့မှ ငွေကျပ် ၇ သိန်းခွဲ သွားရောက်လှူဒါန်း

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ သျှမ်းလူမှုအဖွဲ့အစည်း ၉ ဖွဲ့မှ သျှမ်း-တရုတ်-ကချင် နယ်စပ်ဒေသ မန်ဝိန်းလုံကျေးရွာရှိ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ ခန့်ကို ငွေကျပ် ၇ သိန်းခွဲ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။



သျှမ်း-တရုတ်-ကချင် နယ်စပ်ဒေသတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာ့တပ်မတော် တပ်မ (၈၈) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ အဆက်မပြတ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့၍ တိုက်ပွဲဖြစ်ပွားသည့် ဒေသအတွင်းရှိ ဝမ်မိုင်ကျေးရွာ ၊ ဝမ်ဟွေကျေးရွာ နှင့် ဝမ်မွမ်းကျေးရွာ ဒေသခံ ၂၀၀ ခန့် ကချင်ပြည်နယ် မန်စီမြို့နယ် လွယ်ဆိုဆေဒေသ ဟိုဝိန်းခမ်း ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း သိရသည်။

ဒုက္ခသည်များ စားဝတ်နေရေး နှင့် နေရာထိုင်ခင်းများ ချောင်လည်စေရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နမ့်ခမ်းမြို့ရှိ သျှမ်းလူမှု ညီညွတ်ရေးအသင်း (Campaign for unity preservation) မှ သျှမ်းလူမှုအဖွဲ့အစည်း ၉ ဖွဲ့အား ဦးဆောင်ကာ ကချင်ပြည်နယ် မန်စီမြို့နယ် ဝိန်းလုံကျေးရွာ ဟိုဝိန်းခမ်း ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ ခန့်အား ငွေကျပ် ၇၅၀,၀၀၀ (ခုနစ်သိန်းငါးသောင်း) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက တိုင်းဖရီးဒွမ်းထံ -  “၂၀၁၇ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီခွဲမှာ ပိုပြီးတော့ ပြင်းထန်လာတာ ၊ နှစ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်တယ် ၊ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်တယ် ၊ ဗုံးသံ သေနတ်သံတွေလည်း ရွာနဲ့ပိုနီးလာတော့ ရွာသူရွာသားတွေလဲ ဟိုဝိန်းခမ်း ဘုန်းတော်ကြီးကျောင်း ဆီကို ဒီဇင်ဘာလ ၃၀ ရက်နေ့ကတည်းက ထွက်ပြေးလာကြတာ ၊ အခုဒီ ဟိုဝိန်းခမ်း ဘုန်းတော်ကြီး ကျောင်းမှာတော့ စစ်ဘေးရှောင် ၁၅၇ ယောက်ရှိတယ် ၊ တချို့ကြတော့လည်း အမျိုးတွေရှိရာဆီ ထွက်ပြေးကြတာပေါ့ ၊ အခုချိန်ထိတော့ လက်နက်ကြီး ထိမှန်တာတွေ မရှိသေးပေမယ့် တိုက်ပွဲတွေ ကြောင့် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး နဲ့ လုံခြုံရေးကိုတော့ တော်တော်ထိခိုက်စေတယ် ၊ အခုချိန်ထိ အခြေအနေမကောင်းသေးတော့ သူတို့ အိမ်မပြန်ရဲကြသေးဘူး” ဟု ပြောကြားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်မတော်မှ တိုက်လေယာဉ် ၃ စီးခန့် အသုံးပြုခဲ့ပြီး ယခုချိန်ထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှု  ထပ်မံရှိနေသေး၍ ဒေသခံများ နေရပ်သို့ ပြန်ရန် အခက်အခဲ ရှိနေသေးကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း သျှမ်း-တရုတ်-ကချင်နယ်စပ်ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား သျှမ်းလူမှုအဖွဲ့အစည်း ၉ ဖွဲ့မှ ငွေကျပ် ၇ သိန်းခွဲ သွားရောက်လှူဒါန်း

နောက်ဆုံးသတင်းများ