Taifreedom

ပင်လုံမြို့ရှိ သုံးထပ်ဆောင် တြိသုခမင်္ဂလာကျောင်း ရေစက်ချအလှူတော်မင်္ဂလာ အောင်မြင်စွာပြီးဆုံး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ မင်္ဂလာမွေတော် ကျောင်းတိုက်အတွင်း ကျိုင်းတောင်း ကျိုင်းလုံး ကျိုင်းခမ်းဒေသမှ သံဃာတော်များ ၊ ဒကာ ဒကာမများနှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မိသားစုဝင်များ စုပေါင်းလှူဒါန်းထားသော သုံးထပ်ကျောင်းဆောင် တြိသုခမင်္ဂလာ ကျောင်းရေစက်ချ အလှူတော်မင်္ဂလာကို ပင်လုံမြို့ မင်္ဂလာမွေတော်ကျောင်းတိုက်၌ အောင်မြင်စွာ ရေစက်ချ လှူဒါန်းခဲ့ကြောင်း သတင်းရရှိ။



ရေစက်ချအလှူတော် မင်္ဂလာကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၃ ရက်တာ စည်ကားသိုက်မြိုက်စွာ လှူဒါန်းကျင်းပခဲ့ပြီး ဆရာတော်တို့မှ ဘုရားအနေကဇာတင်ခြင်း ၊ အန္တရာယ်ကင်း ပရိတ်ရွတ် မေတ္တာပို့ပေးပြီးနောက် လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက် ဆရာတော် ၊ ပင်လုံမြို့ မွေတော်ကျောင်းတိုက် ဆရာတော် ၊ ကျိုင်းတောင်းမြို့ နမ့်ပါမှုံးကျောင်းတိုက် ဆရာတော် နှင့် ကာလိမြို့ လွိုင်တိုင်းလီ ခေးတိုင်းကျောင်းတိုက် ဆရာတော်တို့နှင့် အလှူရှင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းနောက် လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက် ဆရာတော်မှ ကြွရောက်လာကြသည့် ဒကာဒကာမများအား နိဗ္ဗာန်ရောက်ကြောင်း ကျောင်းရေစက်ချ အနုမောဒနာ တရားတော် ဟောကြားချီးမြှင့်ခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း နှင့် ကြွရောက်လာသည့် ဧည့်သည်တော်များအား စတုဒီသာကျွေးမွေး ဧည့်ခံကြကြောင်း သိရသည်။

အဆိုပါ ရေစက်ချ အလှူတော်မင်္ဂလာ ဖြစ်မြောက်ရေးအတွက် ကျောင်းဒါယကာ ကျောင်းဒါယိကာမများနှင့်အတူ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မိသားစုဝင်များမှ နိဗ္ဗာန်အကျိုး မျှော်ကိုး၍ လှူဒါန်းဝတ္ထုငွေ ကျပ်သိန်းပေါင်း ၁၄၃၀ ကို ကြည်သိုသဒ္ဒါ ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ပင်လုံမြို့ရှိ သုံးထပ်ဆောင် တြိသုခမင်္ဂလာကျောင်း ရေစက်ချအလှူတော်မင်္ဂလာ အောင်မြင်စွာပြီးဆုံး

နောက်ဆုံးသတင်းများ