Taifreedom

မိုင်းကိုင်မြို့တွင် ကျောင်းသားကျောင်းသူ ၁၂ ဦး အစာအဆိပ်သင့်ကာ ဆေးရုံတင်ရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ အထက ကျောင်းတွင် ကျောင်းသားကျောင်းသူ  ၁၂ ဦး မိုက်ကယ်တံဆိပ်ပါ ရေခဲချောင်းဝယ်စားရာမှ အစာအဆိပ်သင့်ပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသ နေရကြောင်း သိရှိရသည်။



၂၀၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည်ထမင်းစားကျောင်းဆင်းချိန်တွင် မိုက်ကယ်တံဆိပ်ပါ ရေခဲချောင်း ရောင်းသူထံမှ မိုင်းကိုင်မြို့ မူလတန်းကျောင်းသား/သူများ ဝယ်စားရာ ကျောင်းသားများ အစာအဆိပ်သင့် မူးဝေအော့အန်ပြီး မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ဆေးကုသခံနေရကြောင်း သိရှိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ရေခဲချောင်းရောင်းသူ ၂ ဦးမှာ ဗမာလူမျိုးဖြစ်ပြီး မိုင်းကိုင်မြို့နယ်တွင် နေထိုင်သည့် ဒေသခံများ မဟုတ်ပဲ အဆိုပါ ရေခဲချောင်းသည့်ကားမှာ မိုင်းကိုင်မြို့မှတဆင့် နမ့်လန်ဘက်သို့ ထွက်ခွာသွားပြီး နမ့်လန်တွင် ရေခဲချောင်းရောင်းသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။



အစာအဆိပ်သင့်ပြီး ဆေးကုသခံနေရသည့် ကျောင်းသူ/သားများမှာ-

(၁) နန်းဟွမ်ဖူး အသက် ၇ နှစ် ဒုတိယတန်း အဘ စိုင်းအောင်သန်း ရပ်ကွက်-၄ မိုင်းကိုင်မြို့

(၂) မောင်အောင်ထက်မြတ် အသက်-၉ နှစ် စတုထတန်း အဘ ဦးစစ်မင်း (မြန်မာ့တပ်မတော်-၅၁၄) မိုင်းကိုင်မြို့

(၃) မောင်စောစက်တင်ဘာ အသက်-၉ နှစ် စတုထတန်း အဘ ဦးစောခက်ပန် ရပ်ကွက်-၁ မိုင်းကိုင်မြို့

(၄) စိုင်းဆိုင်လှိုင်းပင်း အသက် ၈ နှစ် ဒုတိယတန်း အဘ စိုင်းနန္တော ရပ်ကွက်-၃ မိုင်းကိုင်မြို့

(၅) မစုမြတ်နိုး အသက် ၇ နှစ် စတုထတန်း အဘ ဦးစစ်မင်း မြန်မာ့တပ်မတော်- ၅၁၄ မိုင်းကိုင်မြို့

(၆) နန်းဆိုင်ခေး အသက် ၉ နှစ် ဒုတိယတန်း အဘ စိုင်းအိုက်လူ ရပ်ကွက်-၄ မိုင်းကိုင်မြို့

(၇) နန်းသင်္ဂသူ အသက် ၇ နှစ် ဒုတိယတန်း အဘ ဦးအောင်သူရချို ရပ်ကွက်-၁ မိုင်းကိုင်မြို့

(၈) နန်းကျင်စိန် အသက် ၇ နှစ် ဒုတိယတန်း အဘ စိုင်းအောင် လွိုင်မော် မိုင်းကိုင်မြို့

(၉) နန်းစံဟွမ်ဖွေး အသက် ၁၀ နှစ် ဒုတိယတန်း အဘ စိုင်းဆမ် ရပ်ကွက်-၄ မိုင်းကိုင်မြို့

(၁၀) စိုင်းဝုန်းဆိုင်နော်ဖ အသက် ၆ နှစ် သူငယ်တန်း အဘ စိုင်းရန်အောင် ရပ်ကွက်-၁ မိုင်းကိုင်မြို့

(၁၁) စိုင်းပိန်း အသက် ၆နှစ် သူငယ်တန်း အဘ ဦးဝါလှ ရပ်ကွက်-၁ မိုင်းကိုင်မြို့

(၁၂) မင်းမင်းဦး အသက် ၈နှစ် တတိယတန်း အဘ ဦးဖိုးထူး မိုင်းကိုင်ပြည်သူ့ဆေးရုံကြီး မိုင်းကိုင်မြို့ တို့ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း မိုင်းကိုင်မြို့တွင် ကျောင်းသားကျောင်းသူ ၁၂ ဦး အစာအဆိပ်သင့်ကာ ဆေးရုံတင်ရ

နောက်ဆုံးသတင်းများ