Taifreedom

RCSS တောင်ကြီးဆက်ဆံရေးရုံးတွင် လူငယ်စွမ်းရည်မြှင့်တင်ရေး မီဒီယာသင်တန်း သင်ကြားပို့ချ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တောင်ကြီးဆက်ဆံရေးရုံးမှ ဦးဆောင်၍ လူငယ်စွမ်းရည် မြှင့်တင်ရေး မီဒီယာသင်တန်းကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၇ ရက်နေ့အထိ ၇ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိ။



လူငယ်စွမ်းရည်မြှင့်တင်ရေး မီဒီယာသင်တန်းသို့ မီဒီယာလုပ်ငန်းကို စိတ်ဝင်စားသော သျှမ်းပြည်တောင်ပိုင်း ၊ သျှမ်းပြည်မြောက်ပိုင်း မှ လူငယ်များအပါအဝင် ကချင်ပြည်နယ် မန်စီမြို့နယ် နှင့် မိုးညှင်းမြို့နယ်မှ သျှမ်းလူငယ်များ စုစုပေါင်း ၂၇ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

လူငယ်စွမ်းရည်မြှင့်တင်ရေး မီဒီယာသင်တန်းဖွင့်ပွဲနေ့ရက်တွင် RCSS ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးချုပ် ပေါင်ခေး ၊ ဒုဗိုလ်မှူးကြီး အောင်မြ ၊ RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း နှင့် RCSS ၏ အိုင်တီ(IT) ပိုင်းဆိုင်ရာ စိုင်းတင်းလီ တို့မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ယနေ့ခေတ်မီဒီယာများ၏ အသုံးဝင်ပုံ နှင့် IT ပိုင်းဆိုင်ရာနှင့် မီဒီယာ အစရှိသည်တို့ကို မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မီဒီယာ၏ အခြေခံအချက်များဖြစ်သော သတင်းအချက်အလက်များပေးပို့ခြင်း ၊ ဗီဒီယို နှင့် ဓါတ်ပုံများ ရိုက်ကူးနည်း ၊ တည်းဖြတ်နည်း များကို လက်တွေ့သင်ကြားသွားမည်ဖြစ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပေါ်လစီမူဝါဒများကိုပါ ထည့်သွင်းသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

မီဒီယာ၏ အခြေခံအချက်များအပြင် လာမည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ကျင်းပမည့်  ၂၁၁၂ ခုနှစ်မြောက် သျှမ်းနှစ်သစ်ကူးပွဲတော်သို့ အဆိုပါ လူငယ်စွမ်းရည်မြှင့်တင်ရေး မီဒီယာသင်တန်းသားများ သွားရောက် ကပြဖျော်ဖြေနိုင်ရန် သင်တန်းတွင် သျှမ်းရိုးရာယဉ်ကျေးမှုအကများ ၊ တုတ်သိုင်း ၊ ဓါးသိုင်းများကိုပါ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS တောင်ကြီးဆက်ဆံရေးရုံးတွင် လူငယ်စွမ်းရည်မြှင့်တင်ရေး မီဒီယာသင်တန်း သင်ကြားပို့ချ