Taifreedom

ပင်လုံမြို့ရှိ တြိသုခမင်္ဂလာကျောင်းရေစက်ချအလှူတော်မင်္ဂလာတွင် RCSS မှ အလှူငွေ သိန်း ၁ ထောင်ကျော်ပါဝင် လှူဒါန်း

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ မင်္ဂလာမွေတော် ကျောင်းတိုက်အတွင်း ကျိုင်းတောင်း ကျိုင်းလုံး ကျိုင်းခမ်းဒေသမှ ဒကာ ဒကာမများ ၊ သံဃာတော်များနှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မိသားစုဝင်များ စုပေါင်းလှူဒါန်းထားသော သုံးထပ်ကျောင်းဆောင် တြိသုခမင်္ဂလာ ကျောင်းရေစက်ချ အလှူတော် မင်္ဂလာကို ပင်လုံမြို့ မင်္ဂလာမွေတော် ကျောင်းတိုက်တွင် ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ။



ပင်လုံမြို့ရှိ သုံးထပ်ကျောင်းဆောင် တြိသုခမင်္ဂလာကျောင်းရေစက်ချ အလှူတော်မင်္ဂလာကို လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၃ ရက်တာ လှူဒါန်းကျင်းပသွားမည်ဖြစ်ပြီး ၎င်းနိုဝင်ဘာလ ၂၉ ရက်နေ့တွင် အလှူဝင် ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြွရောက်လာသော ဧည့်သည်တော်များအား တည်ခင်းဧည့်ခံခြင်း  နှင့် ဆရာတော် သံဃာတော်များမှ ဝေနေယျသတ္တဝါများ တရားထူး တရားမြတ် နာယူကြည်ညိုနိုင်ရန်အတွက် ညတရားဟောကြားခြင်း နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တြိသုခမင်္ဂလာကျောင်းဆောင် ရေစက်ချခြင်း ၊  လှူဒါန်းဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း ၊ ၃၁ ဘုံရှိ ဝေနေယျသတ္တဝါများအား မေတ္တာပို့ အမျှပေးဝေခြင်း နှင့် ရေစက်ချအလှူတော်မင်္ဂလာ အောင်ပွဲခံခြင်းအပါအဝင် အဆိုပါ ရေစက်ချအလှူတော် မင်္ဂလာသို့ ကြွရောက်လာသည့် ဧည့်သည်တော်များအား သျှမ်းရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေစက်ချ အလှူတော်မင်္ဂလာ ဖြစ်မြောက်ရေးအတွက် ကျောင်းဒါယကာ ကျောင်းဒါယိကာမများနှင့်အတူ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မိသားစုဝင်များမှ နိဗ္ဗာန်အကျိုး မျှော်ကိုး၍ လှူဒါန်းဝတ္ထုငွေ ကျပ်သိန်းပေါင်း ၁၄၃၀ ကို ကြည်သိုသဒ္ဒါ ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ပင်လုံမြို့ရှိ တြိသုခမင်္ဂလာကျောင်းရေစက်ချအလှူတော်မင်္ဂလာတွင် RCSS မှ အလှူငွေ သိန်း ၁ ထောင်ကျော်ပါဝင် လှူဒါန်း