Taifreedom

အစိုးရတပ်မတော် ခလရ ၂၄၈ တပ်သားများ အရက်မူးပြီး တည်းခိုနေအိမ်အား သေနတ်ဖြင့် ပစ်ခတ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-၂ လက်အောက်ခံ မိုးနဲမြို့နယ်အခြေစိုက် အစိုးရတပ်မတော် ခြေလျင်တပ်ရင်းအမှတ် ၂၄၈ မှ တပ်သားများသည် အရက်မူးပြီး မိမိတည်းခိုနေသော ဒေသခံ၏ နေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိ။



ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဗိုလ်မှူး မောင်အေးသူ ဦးဆောင်သော အစိုးရတပ်မတော် ခြေလျင်တပ်ရင်းအမှတ် ၂၄၈ မှ အင်အား ၃၀ ကျော်ခန့်သည် မိုးနဲမြို့နယ် လွယ်ချိုကျေးရွာအုပ်စု လွယ်ယူးကားကျေးရွာရှိ လုံးပုည၏ (ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်) နေအိမ်တွင် တည်းခိုရာ နေအိမ်မီးဖိုခန်းထဲတွင် အရက်များဝိုင်းဖွဲ့သောက်ပြီး ညလူခြေတိတ်ချိန် ၁၁:၀၀ နာရီအချိန်တွင် အရက်မူးလာသောအခါ ၎င်းတို့ပါလာသော သေနတ်ဖြင့်  ပစ်ခတ်ခဲ့ရာ နေအိမ်အုတ်နံရံကို သေနတ် ၁ ချက် ထိမှန်ခဲ့ကြောင်း သိရသည်။



ဒေသခံများ၏ ပြောကြားချက်အရ ညလူခြေတိတ်ချိန်တွင် သေနတ်သံကြားရသောကြောင့် ဆက်အိပ်၍မရတော့ဘဲ တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။

 

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း အစိုးရတပ်မတော် ခလရ ၂၄၈ တပ်သားများ အရက်မူးပြီး တည်းခိုနေအိမ်အား သေနတ်ဖြင့် ပစ်ခတ်

နောက်ဆုံးသတင်းများ